Thursday, March 21, 2013

ဂါလံ ၅၀၀ ထုတ်ပေးနိုင်သည့် ဒီဇယ်ဖြူ ပြီးနောက် ဓါတ်ဆီဖြူ လာတော့မည်

ဒီဇယ်မှဒီဇယ်ဖြူ(White Diesel)ပြောင်းလဲထုတ်လုပ်လိုပါက တစ်ရက်လျှင် ဂါလံ ၅၀၀ခန့် ပြည်တွင်း၌ပင် ထုတ်ပေးနိုင်ကြောင်း စက်မှုနှင့် စက်သုံးဆီထုတ်လုပ်ရေးအင်ဂျင်နီယာသုတေသီများထံက သိရသည်။
ရွေ့လျားဒီဇယ်ဖြူ (White Diesel)ထုတ်စက်အား မည်သည့်နေရာဒေသတွင် မဆို လိုအပ်၍ ခေါ်ယူလိုပါ ထုတ်လုပ်ပေးနိုင်ကြောင်းကိုလည်း အင်ဂျင်နီယာသုတေသီဦးကျာ်ကျော်က ဆိုသည်။

အခုထုတ်မဲ့စနစ်က မော်တော်ကားပေါ်မှာ ဒီဇယ်ဖြူထုတ်စက်ကို တင်ထားပြီးတစ်ဘက်က ဒီဇယ်ထည့် လိုက်ရင် နောက် တစ်ဘက်ကနေသူ့အချိန်၊ သတ်မှတ်တဲ့ မိနစ်ပြည့်ပြီဆိုတာနဲ့ ဒီဇယ်ဖြူအဖြစ် ပြန် ထုတ်ပေးမှာပါ၊ တစ်ရက်ကိုဂါလံ ၅၀၀ စပြီး၊ ထုတ်ပေးနေပါပြီ၊ မန္တလေးက ခေါ်မယ်ဆို မန္တလေးကို ဒီကား ရွှေ့သွားယုံဘဲ၊ ဘယ်ကခေါ်ခေါ် အလွယ်တကူသွားလို့ ရပါတယ်ဟု အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ပြောသည်။
ဆိုပါ ဒီဇယ်ဖြူကို သုံးစွဲခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည့်အပြင် ဒီဇယ်ဂါလံ ၁၀၀ အပ်လျှင်ပြောင်းလဲပြီးဒီဇယ်ဖြူ ၁၂၅ ဂါလံရရှိမှာဖြစ်သည့်အတွက် ဂါလံအရေအတွက်များ လျှင် အပ်နှံသူ ဘက်မှ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။
မီးရထား၊ သင်္ဘော၊ ကားတွေကနေ နေ့စဉ်ထွက် လာတဲ့အဆိပ်ငွေ့တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိမယ်၊ ကာဗွန်မို နော့ဆိုဒ်၊ ကာဗွန်ဟိုက်ဒြောဆိုဒ် အားလုံး ကို ဒီဇယ်ဖြူက လျှော့ချပေးနိုင်တယ်၊ ဒါ့အပြင် ဒီဇယ် ဂါလံ ၁၀၀၀ လာအပ်ရင် ဒီဇယ်ဖြူ ၁၂၅၀ ဂါလံ ရမယ်၊ဒီဇယ်ပေပါ အလုံး ၁၀၀ အပ်ရင် ဒီဇယ်ဖြူ ၁၂၅ လုံးပြန်ရမယ်၊ ကိုယ်က ၁ ဂါလံ Convert လုပ်ခ ၂၅၀- ၃၀၀ ပဲယူမယ်၊ လာအပ်တဲ့သူကိုလည်း ကိုယ့်ထက်ပိုများများရစေ ချင်တယ်ဟု အင်ဂျင်နီယာ သုတေသီဦးကျော်ကျော်မှပြောသည်။
အဆိုပါ White Diesel ထုတ်စက်နှင့် နည်းပညာများ ကိုမြန်မာပြည်တွင်း၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇယ်မှ ဒီဇယ်ဖြူ ရရှိစေရန် ရေ၊ဒီဇယ်နှင့်သဘာဝအော်ဂဲနစ်မှထုတ်ယူထားသည့်ဓာတု ပစ္စည်းပါဝင်ကြောင်းနှင့် ကားများ မီးစက် များ လယ်ထွန်စက်များအား ဒီဇယ်လုံးဝမသုံးဘဲ၊ ပြောင်းလဲထားသော ဒီဇယ်ဖြူ တစ်မျိုးထဲနှင့်သာ စမ်းသပ်   မောင်းနှင်ပြီးဖြစ်ကြောင်း သိရသည်။
ပထမဆုံး White Diesel နဲ့ တစ်လုံးအင်ဂျင်ကိုမောင်းတယ်၊အဲ့ဒီ့ကနေတဆင့်ထပ်မြှင့်ပြီး ၂၀၀၀ CC လိုက်ထရပ်ဇုန်ထုတ်ကားကို မောင်းတယ်၊ မုံရွာမှာ သီဟထွန်းကုမ္ပဏီက ထုတ်တဲ့မြင်းကောင်ရေ ၂၂ ကောင်အားရှိတဲ့ လယ်ထွန်စက်မှာသုံးတဲ့ အင်ဂျင်ကိုဘာ ဒီဇယ်မှမပါပဲ ဒီဇယ်အကုန်ဖောက်ချပြီး White Diesel အင်ဂျင်ထဲ ထည့်ပြီး မောင်းပြခဲ့တယ်ဟု အင်ဂျင်နီယာသုတေသီတစ်ဦးက ပြောသည်။
ဒီဇယ်ဖြူကို ၂၀၁၀ ခုနှစ် ဇူလိုင်လမှစတင်၍ စမ်းသပ်မူများပြုလုပ်ခဲ့ပြီး ယခုအခါ အောင်မြင်စွာ အသုံးပြုနှိင်ပြီ ဖစ်ကြောင်းနှင့် များမကြာမီကာလအတွင်း ဓာတ်ဆီဖြူပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာ သုတေသီအသိုင်းအ၀ိုင်းမှသိရသည်။
အဓိကကတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုနှိင်အောင် လုပ်နှိင်ရင်တော့ ကောင်းပါတယ်၊ဒီဇယ်ဖြူနဲ့ မာင်းလို့ ရတယ်ဆိုပေမဲ့ အင်ဂျင်ကို ထိခိုက်မှုရှိတယ်မရှိဘူးဆိုတာ သေသေချာချာသိအောင် လုပ်ပေး ဖိုတော့လိုမယ် ၊ ဈေးသက်သာတယ်ဆိုရင် သယ်ယူပိုဆောင်စရိတ်သက်သာမယ်၊ ဒါဆိုကုန်ပစ္စည်းဈေးနှုန်း လည်း ကျလာနိုင်တယ် ဟု အဝေးပြေးကုန်တင်ကားမောင်းသူကိုဝင်းမောင်က ဆိုသည်။
အဆိုပါဒီဇယ်ဖြူအားအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်္ကာပူတွင်ကျယ်ပြန့်စွာအသုံးပြုလျှက်ရှိပြီး ဂျပန်၊ အမေရိကန်၊ ဂျာမနီစသောနိုင်ငံကြီးများ၌လည်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) မှ စတင် အသုံးပြုခြင်းဖြစ်သည်။
သန့်ဇင်ဝင်း(မြစ်မခ)

No comments:

Post a Comment

My Blog List