Thursday, March 21, 2013

သဖန်းဆိပ်ဆည်ရေဆင်းလာမည့်အချိန်ကို ၀က်လက်နယ်ခံများ မျှော်လင့်နေ

ရွှေဘိုခရိုင် ၀က်လက်မြို့နယ်အတွင်း၌ နွေစပါးစီမံကိန်းမရှိသည့်အတွက် သဖန်းဆိပ်ဆည်မှ ရေလွှတ် မပေးနိုင်သောကြောင့်   ၀က်လက်မြို့နယ်ဒေသခံကျေး ရွာအများစုမှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ နွေရာသီတွင်သောက်သုံးရေပြတ်လပ်နိုင်သောကြောင့် စိုက်ပျိုးရေအဓိကရရှိသော သဖန်းဆိပ်ဆည်မှရာသီသုံးရန်အတွက်ရေတစ်ကြိမ်လွှတ်ပေးစေလိုကြောင်းဝက်လက်ဒေသခံတို့ကဆိုသည်။
 အရင်ကနွေစပါးစိုက်လေ့ရှိတော့ သောက်သုံးရေပြတ်လပ်တာမျိုး မကြုံရဘူး။ဒီနှစ်ဒီဖက် မှာ နွေစပါး စီမံကိန်းမရှိတော့လို့သဖန်းဆိပ်ဆည်ကရေလွှတ်မပေးနိုင်င်တော့ဆည်ရေလာမှအဆင်ပြေတဲ့ သောက်ရေ ကန်တွေရေပြတ်လပ်နေပြီ။ ကန်တွေလည်း မသန့်ရှင်းတော့ဘူး။ဟုဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာ မှတောင်သူတစ်ဦးက ပြောသည်။

ယမန်နှစ်ကမိုးခေါင်သည့်အတွက်သဖန်းဆိပ်ဆည်တွင်ရေနည်းပြီးလယ်ယာစိုက်ပျိုးရန်လုံလောက်သော ရေ မပေးနိုင်သောကြောင့်နွေစပါး မစိုက်ရခြင်းဖြစ်ကြောင်း ဆည်ရေအားကိုး၍ သောက်သုံးရေ ပြုလုပ်နေရ  သည့်ကျေးရွာများအတွက်ဆည်ရေမရသောအခါကန်ရေများ ခြောက်ခန်းလာပြီးရေများနောက်ကျိလာကြောင်း ၀က်လက်ဒေသခံတို့က ဆိုသည်။
အခုရေကန်တွေက ရေတွေနည်းပြီး အနည်တွေနဲ့ နောက်ပြီးမသန့်တော့ဘူး။နွေရာသီအစပဲ ရှိသေး တယ်ရေကခန်းနေရင် နွေရာသီတစ်ရာသီလုံးသောက်သုံးရေအတွက် စိုးရိမ်နေရပါတယ်။ ဘုံဘိုင်တွင်းတွေ ကရေက သောက် လို့ မရဘူး။ ရေမသန့်တာတွေကို သောက်မိရင်တော့ ကျေးရွာကျန်းမာရေးအတွက် စိုးရိမ်ရတယ်။ ဟုဝက်လက်မြို့နယ် ဒေသခံတဦးမှပြောသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများသည် မြစ်ချောင်းမရှိသောကြောင့်စိုက်ပျိုးရေးအတွက် အသုံးပြုရသော ဆည်ရေနှင့် မိုးရေမှရရှိသော ကန်ရေကိုသာ အားကိုးသောက်သုံးရကြောင်း အဆိုပါဒေသ များသည်ကုန်းတွင်းပိုင်းခေါင်သော ဒေသများဖြစ်သောကြောင့် နွေရာသီသောက်သုံးရေပြတ်လပ် လျှင်သောက်ရေရရှိရန်အတွက် အခက်အခဲများစွာရှိနေသည့် ဒေသများဖြစ်ကြောင်း သိရှိရသည်။
စပါးအတွက်ရေ မရရှိသောကြောင့် တောင်သူများ၏စိုက်ပျိုးမြေ အာဟာရဖြစ်စေမည့် ကုလားပဲ၊ နှမ်းအစရှိသည့် သီးနှံများ စိုက်ပျိုးရန် အထက်မှ ရေမြောင်းများ၌ ဆိုင်းဘုတ်အနီများထောင်ပြီး ညွှန်ကြားထားကြောင်း နွေစပါး မစိုက်ပျိုး ရ၍ တောင်သူတွေအနေ့ဖြင့် နစ်နာမှုမရှိကြောင်း ရေတစ်သုတ် လွှတ်ပေးနိုင်ရေး  အထက်သို့တင်ပြထားကြောင်း ၀က်လက်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက အတည်ပြုပြောကြားသည်။
မောင်ယဉ်ကျော်- မန္တလေး(မြစ်မခ)

No comments:

Post a Comment

My Blog List