Friday, July 13, 2012

လက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင် ထောင်ဒဏ် ချမှတ်ခံရ



ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ဒေသရှိ ပါနန်းအရပ်တွင် တရားဝင် အလုပ်သ မား လက်မှတ်မရှိသော မြန်မာနိုင်ငံသားများကို ထိုင်းအာ ဏာပိုင်များဖမ်း ဆီးခဲ့ရာ အရွယ်ရောက်ပြီးသူ ၁၆၀ ဦးကျော် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံရလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း စက်ရုံများသို့ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုး သား ၅၃ ဦး၊ အမျိုးသမီး ၁၁၀ ဦးနှင့် အရွယ်မရောက်သေး သူ ကလေးအ လုပ်သမား ၃၂ ဦးတို့ အဖမ်းခံခဲ့ရသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များနှင့်ရွှေနံ့သာလယ်သမားများငြိမ်းချမ်းစွာတန်းစီဆန္ဒပြမည်



ဇူလိုင်လ(၁၄)ရက်နေ့ကစတင်ပြီး(၁၈)ရက်နေ့အထိမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်တွေနဲ့ရွှေနံ့သာလယ်သမားတို့ဟာမင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်တိုးချဲ့ရပ်ကွက်မှာရှိတဲ့မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရုံးရှေ့ကနေမင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ထိငြိမ်းချမ်းစွာစီတန်းဆန္ဒပြသွားဖို့စီစဉ်ထားတယ်လို့ဦးနေမျိုးဝေကရန်ကုန်မြို့မှာရှိတဲ့မီဒီယာများကိုပြောကြားခဲ့ပါတယ်..

ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန် ပိတ်ဆို့မှု ရုပ်သိမ်းရေးဆွေးနွေးမည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အင်္ဂါနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။


မဇ္ဈိမသတင်းဌာန ။ ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့၌ သောကြာနေ့တွင် တွေ့ဆုံရန်ရှိပြီး အမေရိကန်၏ စီးပွါးရေးပိတ်ဆို့ အရေးယူမှု များ ဖြေလျှော့ပေးရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင်ကျင်းပသည့် အာရှ အမေရိကန် စီးပွါးရေးလုပ်ငန်းများ အကြီးမားဆုံး စုဝေးမှု
ဖြစ်သည့် ညီလာခံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်လာသည့် ခရီးစဉ်အတွင်း မြန်မာသမ္မတနှင့်
တွေ့ဆုံခြင်း ဖြစ်သည်။ တဆက်တည်းတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တရားဝင် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်းလည်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

မြန်မာ သမ္မတ ၏ ရိုဟင်ဂျာ လက်မခံ သည့် သတိပေး ချက် ကို ကုလ ဒုက္ခ အကြီး အကဲ ပယ် ချ

 



UN refugee chief rejects call to resettle Rohingya

YANGON, Myanmar -- The U.N. High Commissioner for Refugees on Thursday rejected a suggestion by Myanmar's president that the world body resettle or take care of ethnic Rohingyas who have settled in the Southeast Asian country.

UNHCR chief Antonio Guterres told reporters it was not his agency's job to resettle the Rohingya, who live in western Myanmar but without Myanmar citizenship.

On his website, President Thein Sein said he told Guterres in a meeting Wednesday that the solution to ethnic enmity in Myanmar's western Rakhine state was to either send the Rohingya to a third country or have the UNHCR look after them.

ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ပြဿနာဖြစ်ခဲ့သော လူမျိုးနှစ်မျိုးအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးပြောကြား




ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres က ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂ UN အဖွဲ့အစည်းများ၏ အကူအညီပေးမှုကို ရခိုင်တိုင်းရင်းသားများက သံသယရှိမှုကြောင့် အကူအညီများ လက်မခံဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သတ်၍ Eleven Media ၏ မေးမြန်းချက်ကို "နှစ်ဘက်စလုံး စိတ်အေးအေးထားပြီး စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေး ပြုလုပ်နိုင်စေဖို့ မျှော်လင့်မိပါတယ်" ဟု ၄င်းက ဖြေကြားခဲ့သည်။

ဆူဇူကီး ခြေစစ်ပွဲစဉ်များ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

 


  ၂၀၁၂ နိုဝင်ဘာလတွင် ကျင်းပမည့် ဆူဇူကီး ဖလားပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲဝင်ရမယ့် ကမ္ဘောဒီယား၊ ဘရုနိုင်း၊ လာအို၊ အရှေ့တီမောနှင့် မြန်မာအသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်များကို မြန်မာအသင်းက အိမ်ရှင်အဖြစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။

အုပ်စုပတ်လည် ခြေစစ်ပွဲစဉ်တွေထဲက အသင်း ၂ သင်း တက်ရောက်မှာဖြစ်ပြီး မြန်မာအသင်းဟာ အဖွင့်ပွဲအဖြစ် ဘရူနိုင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခြေစစ် ပွဲစဉ်တွေကို အောက်တိုဘာ ၅ ရက်နေ့ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စုဗိုလ်နဲ့ ဒုတိယ ရရှိသူက ဆူဇူကီး ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို မနေ့ က သွားရောက်




ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ
ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို မနေ့ က သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က စစ်တွေ မြို့မ ပရိယတ္တိ စာသင်တိုက် နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ် လှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းတွေက မွေးကင်းစ ကလေးငယ် တွေရဲ့ မိခင်တွေကိုလည်း ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့ပါတယ်။

NGOs ၃၁ ဖွဲ့၏ မြန်မာ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုသည်ကို တုန့်ပြန်ချက်

 နိုင်ငံရပ်ခြားမှာ ဆယ်စုနှစ် ၂ စုကျော်ကျော် နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများအနေဖြင့် လူနည်းစု ပြဿနာကို အလေးအနက်ထားရှိပါသည်။ ပထမဆုံး ပြောလိုသည်မှာ မကြာခင်က ဖြစ်ပွားခဲ့သည့် ရခိုင်အရေး အခင်းကိစ္စသည် ၂ ဦး ၂ ဖက်မှ ရာဇ၀တ်မှု့ ကျူးလွန်ခဲ့ကြသည်သာဖြစ်ပြီး လူမျိုးရေး ၊ ဘာသာရေးအပေါ်မှာ အခြေမခံပါ။ ဥပဒေမဲ့မှု့၊ လာဒ်စားမှု့တို့ကို ကျင့်သုံးခဲ့သည့် နှစ်ပေါင်းများစွာ အုပ်ချုပ်လာသည့် စစ်အုပ်ချုပ်ရေးအပေါ်မှာသာ တာဝန်ရှိပါသည်။

"အမျှော်အမြင်ရှိတာလားဗျာ.......အံ့သြစရာ"





"အမျှော်အမြင်ရှိတာလားဗျာ.......အံ့သြစရာ"

By/ Pa Yit

မှတ်မိပါတယ်..
အခြေခံဥပဒေကိုပြင်မဲ့အတွက် ကျမ်းသစ္စာဆိုဖို့ကိစ္စနဲ့ ဒေါ်စုလွတ်တော်ထဲမ၀င်ပဲနဲ့နေတုန်းက..
လူတွေတော်တော်ဝေဘန်ကြတယ်၊
... အမျိုးမျိုးပဲ...
ကျွန်တော်တို့လဲအားမရခဲ့တာအမှန်ပါ...၊
သစ္စာပြုတဲ့ကိစ္စကအရမ်းအရေးကြီးလားပေါ့...

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက် ....


ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်

ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည် ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောဆို..


ရိုဟင်ဂျာ ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သဘောထားပြောပြီးပြီ၊ ၈၈ခေါင်းဆောင်တွေလည်း ပြောပြီးပြီ.. ကဲ အခုနောက်ဆုံး သမ္မတဦးသိန်းစိန် ကိုယ်တိုင် ရိုဟင်ဂျာအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ..

သမ္မတဦးသိန်းစိန်မှ ရိုဟင်ဂျာအပေါ် သဘောထားနဲ့ အနာဂတ် ဘင်္ဂလီအရေးကို ဒီလို ပြောလိုက်ပါပြီ

နေပြည်တော် ဇူလိုင် ၁၁

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-

ဘုန်းနှင့် ကံနှင့် သဇင်နီ (၂) (ကဗျာရှင် နေရဲနီ)

ဇူလိုင် ၁၂ရက်နေ့က လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ ဘုန်းနှင့်ကံနှင့် သဇင်နီ အမေစု
ဘုန်းနှင့် ကံနှင့် သဇင်နီ (၂)
(ကဗျာရှင် နေရဲနီ)

ဘုန်းကံဟူသည်

ပိင်္ဂ္ဂုတ္တရလုလင်သည်
ဥဒုမ္ဗရ ဒေဝီ၏ ဘုန်းကံအရှိန်အဝါကို
မခံနိုင်သောကြောင့်
လမ်းခရီး၌ပင် စွန့်ခွာပစ်သွားခဲ့၏။
(မဟောသဓာဇာတ် ဘုန်းရှိဘုန်းမဲ့ ပြဿနာ)

ဂျာနယ်နှစ်စောင် ပိတ်သိမ်းခံရမည်ဟု သတိပေးခံရ

အပြီးတိုင် ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဟု သတိပေးခံရသော ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ်သတင်းဂျာနယ်
ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး လေဖြတ်ဝေဒနာခံစားရပြီး စင်ကာပူတွင် ဆေးကုသမှုခံယူဆိုသော သတင်းကို ပိတ်ပင်တားဆီးမှုများ ကြားမှ ထည့်သွင်းဖော်ပြခဲ့သည့် ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ်သတင်းဂျာနယ် နှစ်စောင်ကို နောက်တကြိမ်ဆိုလျှင် အပြီးတိုင် ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတိပေးလိုက်ကြောင်း သတင်းရရှိသည်။
ယခင်စစ်အစိုးရ၏ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့က လေဖြတ်ဝေဒနာခံစားရပြီး စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှုခံယူရန် ထွက်ခွာသည်ဆိုသောသတင်းကို သတင်းဂျာနယ်များတွင် လုံးဝ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးဌာနက သတင်းဂျာနယ်များကို တရားဝင် တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင်  ဇူလိုင် ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်သတင်းဂျာနယ်နှင့် ဗီးနပ်စ်သတင်းဂျာနယ်များတွင် ယင်းသတင်းကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး သတိပေးလက်မှတ်ထိုးခိုင်းကြောင်း၊ နောက်တကြိမ် စာပေစိစစ်ရေးက ခွင့်ပြုမှုမရှိသော သတင်းများကို ထည့်သွင်းပါက ဂျာနယ်ထုတ်ဝေခွင့် လုံးဝ ရုပ်သိမ်းသွားမည်ဟု တရားဝင် အသိပေးပြောဆိုကြောင်း သိရှိရသည်။

မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် မဖွင့်ရေး ကန့်ကွက်

မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် ဖွင့်မည်ကို ကန့်ကွက်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့သော မန္တလေးမြို့လယ် ကြားပွဲတန်းရပ်ကွက်ရှိ မြေနေရာတွင် တရုတ်လုပ်ငန်းရှင် တဦးက ဂါလန် ၅ သောင်းဆံ့ ဆီကန်ဆောက်လုပ်၍ လောင်စာဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအပေါ် ဒေသခံများက ကန့်ကွက်သည်ကို သက်ဆိုင်ရာက အရေးမယူသဖြင့် ယနေ့ စတင် ဆန္ဒပြနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ကြားပွဲတန်းရပ်ကွက် ၂၆ ဘီလမ်း၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြားရှိ အလျား ပေ ၁၇၀၊ အနံ ပေ ၈၀ ရှိသော မြေကွက်လပ်ပေါ်တွင် ပိုင်ရှင် အမည်ပေါက် ဒေါ်နန်းလင်းထွန်းက ဆီလှောင်ကန်နှင့် လောင်စာဆီ အရောင်းဆိုင် ဆောက်လုပ်ခွင့် ရရှိကြောင်း ဇွန်လ ၃ ရက်နေ့ မန္တလေးနေ့စဉ်ထုတ် သတင်းစာတွင် ကြေညာချက် ပါရှိစဉ်ကတည်းက သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ ဒေသခံများက ကန့်ကွက်စာများ ပေးပို့ခဲ့ကြောင်း သိရသည်။

ရခိုင်၌ ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ၀န်ထမ်းများ ရုံးထုတ်


ရခိုင်ပြည်နယ် အဓိကရုဏ်း အခြေအနေများကို လာရောက်လေ့လာသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာကို ဇွန်လ ၁၄ ရက်က စစ်တွေလေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ပြည်တွင်း အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းများ နှင့် ဘာသာရေး ခေါင်းဆောင်တချို့ကို ရုံးထုတ် စစ်ဆေးနေကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး  (UNHCR) ၀န်ထမ်းဖြစ်သူ ဒေါ်ချိုလေးမာခါတုန် တို့ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်၍ မောင်တော တရားရုံးတွင် ရုံးထုတ် စစ်ဆေး နေကြောင်း၊ ၎င်းတို့အား ပုဒ်မ(၁၅၃၊ ၁၄၇) ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေ မှုတို့ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

သမဂ္ဂ မဖွဲ့နဲ့၊ အသင်းပဲဖွဲ့



မန္တလေးတက္တသိုလ် ပင်မဆောင်ကြီး (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ)

အထက်မြန်မာပြည် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းကို မန္တလေးမြို့ တက္ကသိုလ်သုံးခုမှ အင်အားစုများဖြင့် မကြာသေးမီက ဖွဲ့စည်းလိုက်သည်။

မှတ်ပုံတင်စဉ်က "သမဂ္ဂ" ဟူသော စကားလုံးကို လက်ခံခြင်း မရှိသဖြင့် အသင်း ဟု ပြောင်းလဲလိုက်ရသည်ဟု သိရသည်။

‘‘အလုပ်သမားဦးစီးဌာနမှာ မှတ်ပုံတင် လိုက်ပါပြီ။ ပြီးခဲ့တဲ့ အပတ်တွေတုန်းကတော့ ဒီအသင်းမဖွဲ့ဖို့ နောက်ကနေ ခြိမ်းခြောက်တာတွေ၊ ခြောက်လှန့်တာတွေ ရှိခဲ့ပါတယ်” ဟု မန္တလေး အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန တွဲဘက်ပါမောက္ခ ဦးသက်လွင်က ဧရာဝတီကို ပြောသည်။

အနားယူခြင်း




ကာတွန်း - ATH
facebook.com/cartoonistath

မြန်မာ မီဒီယာ ဘာလဲ ဘယ်လဲ ဆွေးနွေးပွဲ



ယနေ့ မီဒီယာအကြောင်းဆွေးနွေးပွ္ပဲမှာ ဦးဆောင်ဆွေးနွေးသူများ၊ ချင်းမိုင်း တက္ကသိုလ်၊ ဓာတ်ပုံများ- ဧရာဝတီ

ဒီကနေ့ ချင်းမိုင်းတက္ကသိုလ်ထဲက Social Research Center မှာ လုပ်တဲ့ Burma Now: Accessing The Reforms, Part 3, Evolving Media Landscapes အမည်ရ ဆွေနွေးပွဲမှာ အဓိက ဆွေးနွေးသူများက မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ မီဒီယာရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားကြပါတယ်။

Thursday, July 12, 2012

ပြည်သူ့လွှတ်တော်တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ဆဌမနေ့အပြီး သတင်းမီဒီယာ မေးမြန်းပြောကြားချက်(ရုပ်သံ)


ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာမလား


ဇူလိုင်လ ၁၀ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန်တိုင်း ဒေသကြီး၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် မကြာမီက ပြောင်းလဲခန့်အပ်ခဲ့သည့် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား လစ်လပ်တော့မည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် နေရာတွင်ခန့်အပ်ရန် လျာထားကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ အရ ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး လင်းလင်းကျော်၏ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် နှင့် အစားထိုးကြောင်း ဖော်ပြထားသည်။

သစ္စာ​စောင့်​သိသည့်​ အတိုက်ခံအဖွဲ့​မျိုး​ အမြင်ဖြင့်​ လုပ်​ဆောင်မည်

ဒီမိုက​ရေစီနည်း​အရ အတိုက်အခံအဖွဲ့​အစည်း​ဆိုတာ ရှိရမှာဖြစ်ပြီး​ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံအဖွဲ့​မျိုး​ အမြင်နဲ့​ လုပ်​ဆောင်သွား​မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော် ဆဌမ​နေ့​အစည်း​အ​ဝေး​ ​နေ့​လယ်ပိုင်း​ နား​ချိန်မှာ----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ

နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ---
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ


ဝန်ထမ်းများ၏အလွဲသုံးစားမှုမှ တောင်သူလယ်သမားများ၏အခက်အခဲ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ ပင်ကောက်မြို့ နယ်မှာရှိကြသော တောင်သူလယ်သမား များအနေဖြင့် လယ်ယာမြေများစိုက်ပျိုးချိန်ပြီးဆုံးသည်အထိ နိုင်ငံတော်၏စိုက်ပျိုးစရိတ်ထုတ်ချေးငွေ မရရှိသဖြင့် အတိုးနှုန်းထားများဖြင့်ချေးယူစိုက်ပျိုးနေရသဖြင့် အခက်အခဲများစွာဖြင့်ကြုံတွေ့ နေရ ပါသည်။

တောင်သူလယ်သမားများအနေဖြင့် ခေတ်အစဉ်ဆက်ကပင် နိုင်ငံတော်၏ အစီအစဉ်ဖြင့် ချေးပေးသော မိုးကြို  ၊ ဆောင်ကြိုချေးငွေများကို အားကိုးအားထားပြုပြီးစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ကြရပါသည်။

အကျင့်ဆိုး ၊ စရိုက်ဆိုးနဲ့ အုပ်ချုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးစေလို

ပဲံခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ တူးကံကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်
လျက်ရှိတဲ့ သန်းလွင် ဟာ ရယကဥက္တဌ အဖြစ်ကနေ မြို့နယ်က တာဝန်ရှိသူတွေကို ငွေကျပ်(၁)သိန်းပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး
အဖြစ်ဆက်လက်တာဝန် ထမ်းဆောင်နေသူဖြစ်ပါသည်။

ရပ်ရွာအကြောင်းများတွင် အရာရာကို ငွေကြေးတောင်းခံရယူနေသူဖြစ် ပါသည်။ ကျေးရွာတွင် သေးငယ်သောအမှုအခင်းများဖြစ်ပွားပါကရဲများခေါ်
လာပြီးဒဏ်ငွေ(၅၀၀၀၀)ကျပ် ဒဏ်ရိုက်ပြီး ရဲနှင့်ဝေစားမျှစားပြုနေပါသည်။

အိုလံပစ်အားကစားပွဲကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်မြင့်မားနိုင်ဟု အား/ကာညွှန်မှူးပြောကြား

၂၀၁၂ခုနှစ်၊ ဇူလိုင်(၂၇)ရက်နေ့တွင် စတင်တော့မည့် အိုလံပစ်အားကစားပွဲကိုအခြေခံ၍ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်မြင့်မားလာမည်ဟု မျှော်လင့်ကြောင်း “Road to London”  အိုလံပစ် အထိမ်းအမှတ်ပွဲတွင် အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

“လန်ဒန်မှာကျင်းပမည့် အိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တာကြောင့် အိုလံပစ်အားကစားပွဲကို အခြေခံပြီး အရင်က ရှိထားတဲ့ ဗြိတိန်နိုင်ငံသူနိုင်ငံသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှုတို့ကိုလည်း ပိုမိုတိုးတက် မြင့်မားလာမယ်လို့မျှော်လင့်ပါတယ်” ဟု အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ပြောကြားခဲ့သည်။

My Blog List