Thursday, November 14, 2019

အကောင့်တု သန်း ၅၀၀၀ ကျော် ဖေ့စ်ဘွတ်ခ် ဖျက်သိမ်း



ဖေ့စ်ဘွတ်ခ်က ဒီနှစ်ထဲမှာပဲ အကောင့်တု ၅ ဒသမ ၄ ဘီလီယံကို ဖျက်သိမ်းခဲ့တယ်လို့ အခုလ ၁၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ သူတို့ ကွန်ရက်ထဲမှာ သတင်းမှား ဖြန့်တာတွေ၊ သူတို့ ပလက်ဖောင်းကိုသုံးပြီး ကြိုးကိုင်ခြယ်လှယ်မှု လုပ်နေတာတွေကို တိုက်ဖျက်နေတာပါ။
“ကျွန်တော်တို့အနေနဲ့ အကောင့်တုတွေ၊ လွန်လွန်ကျူးကျူးလုပ်တဲ့အကောင့်တွေကို ရှာဖွေပြီး ပိတ်ပင်တဲ့နေရာမှာ ကျွမ်းကျင်မှု မြင့်တက်လာနေပါပြီ”လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီ ရှာဖွေဆန်းစစ်တဲ့ စနစ်တွေ အသုံးပြုလိုက်တဲ့အချိန်ကစပြီး သန်းနဲ့ချီတဲ့ အကောင့်တု ဖန်တီးမှုတွေကို နေ့စဉ် ဖမ်းမိနေတယ်လို့ လည်း ဆိုပါတယ်။
ဒီနှစ်ရဲ့ ဒုတိယနဲ့ တတိယ သုံးလပတ်ထဲမှာဆိုရင် တစ်ကမ္ဘာလုံးမှာ အသက်ဝင်နေတဲ့ အကောင့်တွေထဲက ၅ ရာခိုင်နှုန်း ဟာ အကောင့်တုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: AFP
One News Myanmar  
--------------------------------------------------------------
Ref: AFP 

No comments:

Post a Comment

My Blog List