Monday, March 23, 2020

ကိုဗစ်(၁၉)ဖြစ်ပွားသည့်ပုံစံ တင်ဆက်ခဲ့သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေ


Image may contain: 1 person, sitting

ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်အမည်ဖြင့် ကျင်းပသည့် ရွှေကြိုရွေးချယ်ပွဲကို မတ်၂၁ ရက်က Me Entertainment မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ COVID-19 ဖြစ်ပွားသည့်ပုံစံဖြင့် စင်မြင့်ထက်တွင် တင်ဆက်ခဲ့သဖြင့် လူမှုကွန်ရက်အသုံးပြုသူများကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

'ဒါက ဘာပဲပြောပြော ကမ္ဘာလုံးဆိုင်ရာပြဿနာပေါ့လေ။ ကိုယျ့အရေး၊ ကိုယျ့နိုငျငံအရေး၊ ကမ်ဘာလုံးဆိုငျရာအရေးနဲ့ ပတျသကျတဲ့အရာကို အနုပညာအရပဲ ဖွစျဖွစျ၊ ဖြောျဖွမှေုအရပဲဖွစျဖွစျ လုပျတဲ့အခြိနျမှာ သတိပွုဆငျခွငျဖို့ အကွံပွုလိုပါတယျ။ ဒီရောဂါစဖွစျကတညျးက တရုတျ ပွညျမှာ လူအစုလိုကျအပွုံလိုကျလဲပွီးတော့ သေတယ်ဆိုတော့ အကြောက်တရားက ရှိနေတာပေါ့နော်။ မနေ့ကပဲ ရှော့ပင်းစင်တာရှေ့မှာ နိုင်ငံခြားသားအမျိုးသားတက်ပြီး လဲကျသွားတဲ့ဖိုင်တွေကလည်းတက်လာတော့ ပြည်သူလူထုတွေ အယူအဆအမှားဖြစ်မှာလည်း စိုးရိမ်ရတယ်။ အဲဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ထားတဲ့အချိန်မှာ ဒီလိုပြကွက်ကတော့ သူကအနုပညာဖန်တီးမှုပဲပြောပြော၊ ဖြောျဖွတောပဲပွောပွော ထညျ့လိုကျတာကတော့ဒီအခြိနျမှာ မလုပ်သင့်ဘူး'ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောဆိုသည်။

ယင်းဗီဒီယိုဖိုင်တွင် လူငယ်တစ်ဦးသည် သရုပ်ဖော်တင်ဆက်နေရာမှရုတ်တရက်ဆိုသလို လဲကျသွားပြီး အသက်ရှူရပ်သည့်ပုံစံမျိုးဖြစ်နေခြင်း ဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင် စင်မြင့်ပေါ်သို့ တက်ရောက်၍ ဆေးရုံကားခေါ်ပြီး အကူအညီတောင်းသည့် ပုံစံမျိုးပြုလုပ်ကာ နောက်မှ Suprise လုပ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

'ကျွန်မတို့က တကယ်ကိုလန့်သွားတာပါ။ ဒီလိုအခြေအနေမျိုးမှာမလုပ်သင့်ဘူးလို့တော့ထင်တာပဲ။ ကျွန်မတို့ပထမက တကယ်ထင်လို့ စိုးရိမ်တကြီးစောင့်ကြည့်နေရတာပေါ့နော်။ အားလုံးစိုးရိမ်တကြီး ဖြစ်သွားပြီးမှ Suprise ဆိုတာ သိရတယ်။ ဒါကတော့မလုပ်သင့်ဘူးလို့ မြင်တယ်'ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ဒေါ်သန်းသန်းအေးက ပြောဆိုသည်။

သတင်း - နှင်းစုမွန်
(Zawgyi Version)
ကိုဗစ်(၁၉)ဖြစ်ပွားသည့်ပုံစံ တင်ဆက်ခဲ့သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေ

ပြည်သူရွေးချယ် ရွှေကြိုမောင်မယ်အမည်ဖြင့် ကျင်းပသည့် ရွှေကြိုရွေးချယ်ပွဲကို မတ်၂၁ ရက်က Me Entertainment မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ COVID-19 ဖြစ်ပွားသည့်ပုံစံဖြင့် စင်မြင့်ထက် တွင် တင်ဆက်ခဲ့သဖြင့် လူမှုကွန်ရက်အသုံးပြုသူများြကား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

'ဒါက ဘာပဲပြောပြော ကမ္ဘာလုံးဆိုင်ရာပြဿနာပေါ့လေ။ ကိုယ့်အရေး၊ ကိုယ့်နိုင်ငံအရေး၊ ကမ္ဘာလုံးဆိုင်ရာအရေးနဲ့ ပတ်သက်တဲ့အရာကို အနုပညာအရပဲ ဖြစ်ဖြစ်၊ ဖျော်ဖြေမှုအရပဲဖြစ်ဖြစ် လုပ်တဲ့အချိန်မှာ သတိပြုဆင်ခြင်ဖို့ အကြံပြုလိုပါတယ်။ ဒီရောဂါစဖြစ်ကတည်းက တရုတ် ပြည်မှာ လူအစုလိုက်အပြုံလိုက်လဲပြီးတော့ သေတယ်ဆိုတော့ အကြောက်တရားက ရှိနေတာပေါ့နော်။ မနေ့ကပဲ ရှော့ပင်းစင်တာရှေ့မှာ နိုင်ငံခြားသားအမျိုးသားတက်ပြီး လဲကျသွားတဲ့ဖိုင်တွေကလည်းတက်လာတော့ ပြည်သူလူထုတွေ အယူအဆအမှားဖြစ်မှာလည်း စိုးရိမ်ရတယ်။ အဲဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ထားတဲ့အချိန်မှာ ဒီလိုပြကွက်ကတော့ သူကအနုပညာဖန်တီးမှုပဲပြောပြော၊ ဖျော်ဖြေတာပဲပြောပြော ထည့်လိုက်တာကတော့ဒီအချိန်မှာ မလုပ်သင့်ဘူး'ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောဆိုသည်။

ယင်းဗီဒီယိုဖိုင်တွင် လူငယ်တစ်ဦးသည် သရုပ်ဖော်တင်ဆက်နေရာမှရုတ်တရက်ဆိုသလို လဲကျသွားပြီး အသက်ရှူရပ်သည့်ပုံစံမျိုးဖြစ်နေခြင်း ဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင် စင်မြင့်ပေါ်သို့ တက်ရောက်၍ ဆေးရုံကားခေါ်ပြီး အကူအညီတောင်းသည့် ပုံစံမျိုးပြုလုပ်ကာ နောက်မှ Suprise လုပ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

'ကျွန်မတို့က တကယ်ကိုလန့်သွားတာပါ။ ဒီလိုအခြေအနေမျိုးမှာမလုပ်သင့်ဘူးလို့တော့ထင်တာပဲ။ ကျွန်မတို့ပထမက တကယ်ထင်လို့ စိုးရိမ်တကြီးစောင့်ကြည့်နေရတာပေါ့နော်။ အားလုံးစိုးရိမ်တကြီး ဖြစ်သွားပြီးမှ Suprise ဆိုတာ သိရတယ်။ ဒါကတော့မလုပ်သင့်ဘူးလို့ မြင်တယ်'ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ဒေါ်သန်းသန်းအေးက ပြောဆိုသည်။

သတင်း - နှင်းစုမွန်

No comments:

Post a Comment

My Blog List