Monday, March 23, 2020

နယူးယောက်မြို့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အခြေအနေပိုဆိုးလာနိုင်

Image may contain: 1 person, suit and closeup
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ ကုသရေးထောက်ကူပစ္စည်းတွေ မလုံမလောက်ဖြစ်လာတာကြောင့် အခြေအနေပိုဆိုးလာဖို့ရှိတယ်လို့ မြို့တော်ဝန် Bill de Blasio က အခုလ(၂၂)ရက်နေ့က ပြောကြားလိုက်ကြောင်း BBC သတင်းမှာဖော်ပြထားပါတယ်။
နယူးယောက်မြို့ဟာ နောက်ထပ်(၁၀)ရက်လောက်အတွင်း ဆေးကုသမှုအထောက်အပံ့တွေ အကြီးအကျယ်လိုအပ်လာနိုင်ကြောင်း၊ တကယ်လို့ အသက်ရှုကိရိယာတွေသာ ထပ်မရပါက လူတွေသေကြဖို့ရှိကြောင်းလည်း မြို့တော်ဝန်က ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအတွင်း နယူးယောက်ပြည်နယ်ဟာ ဗဟိုချက်နေရာလိုဖြစ်လာပါတယ်။ တစ်နိုင်ငံလုံး ဒီဗိုင်းရပ်စ်ဖြစ်ပွားနေမှုရဲ့ ထက်ဝက်လောက်လည်းရှိပါတယ်။အမေရိကန်နိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ အယောက်(၃၁၀၀၀)ကျော်လာပြီဖြစ်ပြီး၊ သေဆုံးသူဟာ အယောက်(၃၉၀)ရှိသွားပြီဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။ ။

source photo: CNN

No comments:

Post a Comment

My Blog List