Tuesday, March 24, 2020

COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ လူနာ တွေ့ရှိခဲ့သည့် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက် Lock down ချ

Image may contain: 4 people, people standing
မြန်မာနိုင်ငံမှာ ပထမဆုံး COVID-19 ပိုးတွေ့လူနာ ၂ဦးဖြစ်တဲ့ထဲက တစ်ဦးမှာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်မှာ စောင့်ကြည့်ရာက တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ကျောင်းတိုက်ကို Lock down ချထားလိုက်ပြီဖြစ်လို့ မတ် ၂၄ ရက်နေ့မှာ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားခဲ့ပါတယ်။
အဆိုပါကျောင်းတိုက်မှာ ပြည်ပက ပြန်လာသူ ၁၀၇ ဦးကို လက်ခံထားရှိခဲ့ရာက ၆ယောက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ COVID-19 ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

" အခုစိတ်မပူကြဖို့၊ လုပ်ငန်းဆက်စပ်လို့ ဘုန်းဘုန်းရယ် ကပ္ပိယတို့ဆရာဝန်တို့ပဲ လုပ်ငန်းပဲဆက်စပ်မှု ရှိတာပါ။ ဟိုလိုထိတွေ့မှုတော့မရှိပါဘူး။ ကျောင်းတိုက်ကို အခုအဝင်အထွက်အားလုံး ပိတ်ထားလိုက် ပါပြီ။အားလုံးနဲ့တိုင်ပင်ပြီးမှာ ဘုန်းဘုန်းတို့ဆန္ဒအတိုင်းပဲ လိုက်လျောလိုက်တာပါ။ စိတ်မပူကြပါနဲ့။ ပုံမှန်ပဲအားလုံးဆက်လုပ်နေပါတယ်။’’လို့ ဆရာတော်က မတ် ၂၄ ရက်နေ့မှာ တပည့်ဒါယာကာတွေ ကိုမိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော COVID-19ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ ၂ဦးကိုတွေ့ရှိခဲ့ကြောင်း ကျန်းမာ ရေး ဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့မှာ စတင်ကြေညာခဲ့ပါတယ်။

မတ် ၂၄ ရက်နေ့မနက်အစောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၃၇၈၇၄၁ နဲ့ သေဆုံးသူ ၁၆၄၉၆ ဦး ရှိလာ ပြီဖြစ်ပါတယ်။
ref-bbc #Myanmar_Online_News
>>Zawgyi<<

No comments:

Post a Comment

My Blog List