Tuesday, March 24, 2020

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာစစ်ဆေးရေးလုပ်ငန်းများ ယာယီရပ်ဆိုင်း

COVID-19 ရောဂါပိုးကူးစက်ခံထားရသည့်လူနာနှစ်ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၂၃ရက်ညကကြေညာခဲ့ပြီးနောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဖြေလွှာစစ်သည့် လုပ်ငန်းများကို ယနေ့မှစကာယာယီရပ်ဆိုင်းလိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဖြေလွှာစစ်ရန်အတွက် လျှို့ဝှက်သင်္ကေတသွင်းခြင်းလုပ်ငန်းကို တက္ကသိုလ်များတွင် မတ်လ ၂၃ရက်က စတင်ဆောင်ရွက်နေသော်လည်း မတ်လ ၂၄ရက်မှစကာ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တက္ကသိုလ်များကလည်းကြေညာသည်။
ဆရာ၊ ဆရာမ ထောင်နှင့်ချီ စုစည်းရမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အဖြေလွှာစစ်ဆေးရေးလုပ်ငန်း ကို COVID-19 ကူးစက်နိုင်မှုအန္တရာယ်ကြောင့် အချိန်အနည်းငယ် ရွှေ့ဆိုင်းရန် ဆရာ၊ဆရာမအဖွဲ့အစည်းများက ပြီးခဲ့သည့်သီတင်းပတ်ကကြေညာချက်များ ထုတ်ပြန်တောင်းဆိုခဲ့သည်။
ref-7day
>>Zawgyi<<

No comments:

Post a Comment

My Blog List