Monday, March 23, 2020

AAအကြမ်းဖက်သောက်ကျန်းသူများအဖွဲ့မှ ပလက်ဝဆိပ်ခံတံတားဆောက်လုပ်ေနသော လုပ်ငန်းခွင်မှ ငွေသိန်း ၅၀ လုယူပြီး၊ အိန္ဒိယနိုင်ငံသားအပါအဝင် ဝန်ထမ်း (၁၅)ဦးကို ခေါ်ဆောင်သွား

Image may contain: sky, outdoor, water and nature
AAအကြမ်းဖက်သောက်ကျန်းသူများအဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည် ဆောက်နေသောပလက်ဝဆိပ်ခံတံတားတည်ဆောက်'မှုလုပ်ငန်းခွင်သို့ မတ်လ(၂၂) ရက်နေ့ည ၈:၃၀နာရီခန့်တွင် ဝင်ရောက်ပြီး ငွေသား သိန်း(၅၀)ကို လုယူသွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံသား ၇ဦး၊ စကားပြန် ၃ဦး၊ ဝန်ထမ်း ၅ဦး စုစုပါင်း (၁၅)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တည်ဆောက်အကောင်အထည်ဖော်နေသော ကုလားတန်ဘက်စုံသုံးစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်

"ဟုတ်တယ်။ အင်အားတော့အတိကျမသိရဘူးတဲ့။မနေ့ညက ဝင်လာပြီး စစ်ဆေးတယ်။ ပြီးတော့ ငွေသိန်း (၅၀)ကို ယူသွားတယ်။ လူတွေကိုပါ ခေါ်သွားတာ။ ဒီမနက်တော့ ပြန်လွတ်လာတယ်လို့ ကြားရပါတယ်။ သေချာပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့အား အဆိုပါစီမံကိန်းတည်နေရာမှ တစ်မုိင်ခန့်အကွာတွင်ရှိသောကြက်ဥဝရွာအနီးတွင် အိပ်ခိုင်းပြီး ယနေ့မနက်တွင် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။
Ref ; Khumi Media Group
<zawgyi>
AAအကြမ်းဖက်သောက်ကျန်းသူများအဖွဲ့မှ ပလက်ဝဆိပ်ခံတံတားဆောက်လုပ်ေနသော လုပ်ငန်းခွင်မှ ငွေသိန်း ၅၀ လုယူပြီး၊ အိန္ဒိယနိုင်ငံသားအပါအဝင် ဝန်ထမ်း (၁၅)ဦးကို ခေါ်ဆောင်သွား
Monday, March 23, 2020

AAအကြမ်းဖက်သောက်ကျန်းသူများအဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် တည် ဆောက်နေသောပလက်ဝဆိပ်ခံတံတားတည်ဆောက်'မှုလုပ်ငန်းခွင်သို့ မတ်လ(၂၂) ရက်နေ့ည ၈:၃၀နာရီခန့်တွင် ဝင်ရောက်ပြီး ငွေသား သိန်း(၅၀)ကို လုယူသွားခဲ့ပြီး၊ အိန္ဒိယနိုင်ငံသား ၇ဦး၊ စကားပြန် ၃ဦး၊ ဝန်ထမ်း ၅ဦး စုစုပါင်း (၁၅)ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တည်ဆောက်အကောင်အထည်ဖော်နေသော ကုလားတန်ဘက်စုံသုံးစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်

"ဟုတ်တယ်။ အင်အားတော့အတိကျမသိရဘူးတဲ့။မနေ့ညက ဝင်လာပြီး စစ်ဆေးတယ်။ ပြီးတော့ ငွေသိန်း (၅၀)ကို ယူသွားတယ်။ လူတွေကိုပါ ခေါ်သွားတာ။ ဒီမနက်တော့ ပြန်လွတ်လာတယ်လို့ ကြားရပါတယ်။ သေချာပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့အား အဆိုပါစီမံကိန်းတည်နေရာမှ တစ်မိုင်ခန့်အကွာတွင်ရှိသောကြက်ဥဝရွာအနီးတွင် အိပ်ခိုင်းပြီး ယနေ့မနက်တွင် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။

Ref ; Khumi Media Group

No comments:

Post a Comment

My Blog List