Monday, March 23, 2020

သဘာဝေးတွေကို ကြိုတင်သိနိုင်မယ့် မိုဘိုင်း App ကို လွှတ်တော်ကိုယ်စားလှယ်များအား လိုက်လံထည့်ပေး

Image may contain: 2 people
မြန်မာနိုင်ငံ၏ သဘာဝေအန္တရာယ်၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ရေးဆွဲထားသည့် ဒါန်မိုဘိုင်း အက်ပလီကေးရှင်းကို ယနေ့ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ကိုင်မိုဘိုင်းဖုန်းများထံသို့ လိုက်လံထည့်သွင်းပေးမှု ကန်ပိန်းတခုကို ပြုလုပ်လျှက်ရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကလာရောက်ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ထိုအက်ပလီကေးရှင်းကို ထည့်သွင်းပေးထားခြင်းအားဖြင့် ရေးကြီးရေလျှံမှုများဖြစ်လာပါက ဘေးလွတ်ရာနေရာများသို့ ရွေ့ပြောင်းနိုင်မည်နေရာ၊ ငလျင်သတင်းများ၊ မုန်တိုင်းသတင်းနှင့်အခြားသဘာဝဘေးများဖြစ်လာပါက အချိန်နှင်တပြေးညီသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက “ဒီဟာက ပြည်သူတွေလက်ထဲကို ရောက်စေချင်တယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စား ရောက်နေတဲ့ သူတွေဖြစ်တယ်။ ဒါတွေလုပ်ပေးချင်းအားဖြင့် သူမဲဆန္ဒနယ်တွေမှာ အသိပညာပေးတွေပြန်လုပ်ပေးပြီး သဘာဝေးတွေလျှော့ချနိုင်မယ်။ အများကြီး သက်သာသွားမယ်။ ဘယ်နေရာဘာဖြစ်နေပြီဆိုတာလည်း ကြိုသိသွားမယ်”ဟု ပြောသည်။
အဆိုပါဝန်ကြီးဌာနမှ လွှတ်တော်တွင်း ယနေ့ မတ်လ ၂၃ရက်နေ့နှင့် မတ်လ ၂၅ ရက်နေ့များတွင် လွှတ်တော်ကိုယ်စားလှယ်များကို App အခမဲ့ထည့်သွင်းပေးခြင်း၊ App အကြောင်းရှင်းပြခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုAppကို Google Play Store တွင် DAN Myanmar ဟုရိုက်ထည့်ကာ Download ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
Image may contain: 4 people, people sitting
Image may contain: 4 people, people sitting, table and indoor
Image may contain: one or more people
Image may contain: 6 people, people sitting
No photo description available.
Image may contain: 3 people, people standing
Image may contain: 5 people, people sitting
သတင်းနှင့်ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ
(Zawgyi)
သဘာဝေးတွေကို ကြိုတင်သိနိုင်မယ့် မိုဘိုင်း App ကို လွှတ်တော်ကိုယ်စားလှယ်များအား လိုက်လံထည့်ပေး

ဧရာဝတီ၊ မတ် ၂၃၊ ၂၀၂၀
မြန်မာနိုင်ငံ၏ သဘာဝေအန္တရာယ်၊ မိုးလေဝသအခြေအနေနှင့် ကယ်ဆယ်ရေးသတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ရေးဆွဲထားသည့် ဒါန်မိုဘိုင်း အက်ပလီကေးရှင်းကို ယနေ့ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ကိုင်မိုဘိုင်းဖုန်းများထံသို့ လိုက်လံထည့်သွင်းပေးမှု ကန်ပိန်းတခုကို ပြုလုပ်လျှက်ရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကလာရောက်ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ထိုအက်ပလီကေးရှင်းကို ထည့်သွင်းပေးထားခြင်းအားဖြင့် ရေးကြီးရေလျှံမှုများဖြစ်လာပါက ဘေးလွတ်ရာနေရာများသို့ ရွေ့ပြောင်းနိုင်မည်နေရာ၊ ငလျင်သတင်းများ၊ မုန်တိုင်းသတင်းနှင့်အခြားသဘာဝဘေးများဖြစ်လာပါက အချိန်နှင်တပြေးညီသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက “ဒီဟာက ပြည်သူတွေလက်ထဲကို ရောက်စေချင်တယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စား ရောက်နေတဲ့ သူတွေဖြစ်တယ်။ ဒါတွေလုပ်ပေးချင်းအားဖြင့် သူမဲဆန္ဒနယ်တွေမှာ အသိပညာပေးတွေပြန်လုပ်ပေးပြီး သဘာဝေးတွေလျှော့ချနိုင်မယ်။ အများကြီး သက်သာသွားမယ်။ ဘယ်နေရာဘာဖြစ်နေပြီဆိုတာလည်း ကြိုသိသွားမယ်”ဟု ပြောသည်။
အဆိုပါဝန်ကြီးဌာနမှ လွှတ်တော်တွင်း ယနေ့ မတ်လ ၂၃ရက်နေ့နှင့် မတ်လ ၂၅ ရက်နေ့များတွင် လွှတ်တော်ကိုယ်စားလှယ်များကို App အခမဲ့ထည့်သွင်းပေးခြင်း၊ App အကြောင်းရှင်းပြခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုAppကို Google Play Store တွင် DAN Myanmar ဟုရိုက်ထည့်ကာ Download ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-သီဟလွင်/ဧရာဝတီ

No comments:

Post a Comment

My Blog List