Monday, March 23, 2020

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် (၉)ရပ်ကွက် ကားကြီးဝင်း၌ သုံးခွ-ရန်ကုန် YBS - 34 ပေါ်တွင် အဘိုးအိုတစ်ဦး သေဆုံးနေ

Image may contain: one or more people and people sitting
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် (၉)ရပ်ကွက် ကားကြီးဝင်း၌ သုံးခွ-ရန်ကုန် YBS (၃၄)ခရီးသည်ယာဉ်ပေါ် တွင် မတ်၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းသန်းတို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်အမှတ် YGN 3P/---- သုံးခွ-ရန်ကုန်သွား ခရီးသည်တင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းနောက် ခရီးသည်ထိုင် ဒုတိယခုံတန်းတွင် အဘိုးအိုတစ်ဦး ကားဘေးမှန်အားမှီ၍ သေဆုံးနေ သည်ကို တွေ့ရှိရသည်။
၎င်း၏ဘေးတွင် သျှင်ပါကူဆေးရုံမှတ်တမ်းတွေ့ရှိရပြီး စစ်ဆေးရာ သေဆုံးသူမှာ ဦးသန်းထွန်း (၆၃)နှစ် ရိုးကြီးကျေးရွာ ခရမ်းမြို့နယ်နေသူဖြစ်ကာ နှလုံးရောဂါဖြင့် ဆေးကုသမှုခံယူနေရပြီး မတ် ၂၁ရက် ဆေးစစ်ချက်မှတ်တမ်းအရ သွေးပေါင် ၁၀၀/၅၀သာရှိပြီး သွေးပေါင်များကျနေကြောင်း သိရသည်။ အလောင်းအားစစ်ဆေးရာ ခန္ဓာကိုယ်ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရကြောင်းသိရပြီး ကနဦးစစ်ဆေးချက်အရ သေဆုံးသူမှာ ရုတ်တရက်နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်သိရှိနိုင်ရန် သုံးခွမြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၃/၂၀၂၀ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source - The Standard Time Daily
<zawgyi>

No comments:

Post a Comment

My Blog List