Monday, March 23, 2020

အမေရိကန်မှ ၁၂ နှစ်အရွယ်ကလေးငယ် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ရှုစက် တပ်ထားရကာ စိုးရိမ်ရ၊ ဗိုင်းရပ်စ်မည်သို့မည်ပုံ ကူးစက်ခဲ့ပုံ မသိရှိရသေး

Image may contain: one or more people and indoor
အမေရိကန်ပြည်ထောင်စု ၊ Atlanta ဆေးရုံတွင် အသက် ၁၂ နှစ်အရွယ် EMMA ဆိုသော ကလေးငယ်သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက်ရှုစက်တပ်ကာ စိုးရိမ်ရသည့်အနေအထား ရောက်ရှိနေကြောင်း CNN သတင်းဌာနက သတင်းဖော်ပြသည်။

မိသားစုဝင်တစ်ဦးပြောဆိုချက်အရ အသက် ၁၂ နှစ်အရွယ် Emma သည် မတ်လ ၁၅ ရက်နေ့တွင် နမိုးနီးယားဝင်လာခဲ့ပြီး ဆေးရုံတက်ရောက်ကုသခဲ့ကြောင်း၊ ယင်းနောက် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရပြီး အသက်ရှုစက်တပ်၍ စိုးရိမ်ရသည့်အနေအထား ရောက်ရှိလာကြောင်း၊ လတ်တလောတွင်မူ တည်ငြိမ်သော အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။
Emma သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားသော နေရာများသို့ ခရီးသွားလာမှု နောက်ကြောင်းရာဇဝင် မရှိဘဲ လက်ရှိအချိန်အထိ သူမထံသို့ မည်သို့ မည်ပုံ ဗိုင်းရပ်စ်ကူးစက်ခဲ့သည်ကို မသိရှိရသေးကြောင်း သိရှိရသည်။
"လူနာကတော့ သီးသန့်ထားပြီး ကုသမှုတွေ ပေးနေပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တေါကို ကျနော်တို့ အနေနဲ့ ပုဂ္ဂလိက လွတ်လပ်မှု ဥပဒေအရ ထုတ်ပြောလို့မရပါဘူး" ဟု ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။
ကျန်းမာရေးပညာရှင်များက ကော်ရိုနာဗိုင်းရပ်စ်သည် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိနေသူများတွင် ပို၍ အန္တရာယ်များကြောင်း၊ ကလေးငယ်များတွင်မူ ရောဂါမပြင်းထန်ကြောင်း၊ သို့ရာတွင် ကလေးငယ်များမှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ကြောင်း သတိပေးပြောဆိုထားသည်။
ဓာတ္ပုံ- Getty Image

No comments:

Post a Comment

My Blog List