Thursday, November 14, 2019

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး နောက်မှ ဆင့်တိုက်မှုဖြစ်ပွား


Image may contain: night, car and outdoorImage may contain: outdoor
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှ သွားနေသော ခရီးသည်တင်ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး အပါအဝင် ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁နာရီ ၄၀ မိနစ် အချိန်ခန့်တွင် နေပြည်တော်- ရန်ကုန်လမ်း မိုင်တိုင် ၁၉၄/၂/- ၁၉၄/၃ အနီးတွင် ယာဉ်မောင်း ကိုအောင်ထွန်း (၃၅) နှစ် ပုလဲမြို့သစ်၊ မင်္ဂလာဒုံ မြို့နေသူ မောင်းနှင်ပြီး ခရီးသည်(၃၁)ဦး စီးနင်းလိုက်ပါလာသော KIA MOTORS အမျိုးအစား (မိုးပြာ ရောင်) 3N/----မင်းသစ္စာ Express ယာဉ်သည် လားရာတူရှေ့မှ ယာဉ်မောင်း ဦးအောင်ဆန်းဝင်း(၅၁) နှစ် လယ်ဝေးမြို့နေသူ မောင်းနှင်ပြီး ခရီးသည်(၄၁)ဦးစီးနင်းလိုက်ပါလာသော VOLVO အမျိုးအစား (အဖြူရောင်) 3G/----ရွှေစင်စင်္ကြာ Expresss ယာဉ်၏ နောက်ဝဲဘက်ခြမ်းကို ဝင်ရောက်တိုက်မိသဖြင့် မင်းသစ္စာယာဉ်မှ သံဃာ ၁ ပါး၊ ကျား ၆ ဦးနှင့် မ ၇ ဦး၊ ရွှေစင်စင်္ကြာယာဉ်မှ ကျား ၁ ဦးနှင့် မ ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်အား ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ Polan Heavy Towing Rescue ယာဉ်(၁)စီး၊ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ပလွေးအမြန်လမ်း ကြက်ခြေနီ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင် ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများအား ပလွေးအမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်နှင့် ပလွေးအမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ ပိုင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ DT
ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

No comments:

Post a Comment

My Blog List