Friday, November 15, 2019

နိုင်ငံရေးပါတီ (၂၀)၏ ပူးတွဲသဘောထားထုတ်ပြန်ချက်အပေါ် ရွေးကောက်ပွဲကော်မရှင် သတိပေး



နိုင်ငံရေးပါတီ (၂၀)ရဲ့ ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ(၆)ရက်မှာကျင်းပတဲ့ စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၂၀)ရဲ့ ပါတီတာဝန်ရှိသူအသီးသီးက လက်မှတ်ရေးထိုးပြီး နိုဝင်ဘာ(၂)ရက် ရက်စွဲနဲ့ ပူးတွဲသဘောထား ထုတ်ပြန် ကြေညာခဲ့တာပါ။ 
အဲဒီကြေညာချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ အထောက်အထားမရှိတဲ့ သတင်းအချက်အလက်တွေကို ရေးသားဖော်ပြထားတာကိုတွေ့ရကြောင်း၊ အဲဒီရေးသား ဖော်ပြချက်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့ အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ကျင်းပပေးမယ့် (၂၀၂၀) ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို တခြားပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်တွေက အထင်အမြင် လွဲမှားစေနိုင် တာကို စိစစ်တွေ့ရကြောင်း၊ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လေးစားလိုက်နာရေးနဲ့ ပုဒ်မခွဲ(ဃ)ပါ လူတစ်ဦးချင်း ဒါမှမဟုတ် လူအများနဲ့ပတ်သက်ပြီး သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ ရေးသားမှုမျိုး မပြုလုပ်ရေးကို စောင့်ထိန်းလိုက်နာမှာဖြစ်ကြောင်းကို ပါတီမှတ်ပုံတင် စဉ်ကပင် ဝန်ခံချက်ပေးထားပြီး ဖြစ်ကြောင်း၊ ယင်းဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာဖို့ပျက်ကွက်တဲ့ နိုင်ငံရေးပါတီ ဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမှာမဟုတ်ကြောင်း၊ နောက်နောင် အခုလို ပုဂ္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် လူအများနဲ့ပတ်သက်ပြီး သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ ရေးသား ဖော်ပြမှု၊ မမှန်မကန်ရေးသားဖော်ပြမှုတွေ ထပ်မံဆောင်ရွက်တာမပြုဖို့နဲ့ ဆောင်ရွက်ကြောင်းတွေ့ရှိပါက ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 
source-moi

No comments:

Post a Comment

My Blog List