Friday, November 15, 2019

ဦးဝှေ့တင်းကို လွှတ်ပေးရန် လွှတ်တော်၏အရေးကြီးအဆိုအပေါ် တုံ့ပြန်ရန်မရှိဟု AA ပြော

Image may contain: 1 person, standing

ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဝှေ့တင်းကို ဖမ်းဆီး ထားမှု ပြင်းထန်စွာကန့်ကွက်ကြောင်း နှင့် ဦးဝှေ့တင်းအပါအဝင် ဝန်ထမ်းများနှင့်အရပ်သားများအား အမြန် ဆုံး ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီးအဆိုအပေါ် တုံ့ပြန်ရန်မရှိဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ဦးဝှေ့တင်းကို ဥပဒေမဲ့ဖမ်း ဆီးခြင်းသည် အကြမ်းဖက်ခြင်း လုပ်ရပ်ဖြစ်ကြောင်း၊ လုံခြုံရေး အရ စစ်ဆေးနေသည်ဆိုသည့်အ ကြောင်းပြချက်သည် ယုတ္တိတန် ခြင်းမရှိကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ် တော်သို့ အရေးကြီးအဆိုတင် သွင်းသည့် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မ တီ အတွင်းရေးမှူး ဒေါက်တာလှ မိုးက ပြောသည်။
ယင်းအဆိုနှင့်ပတ်သက်ပြီး ခိုင်သုခက ‘‘ဒါကတော့ သူတို့အ လုပ် သူတို့လုပ်တာပဲလို့မြင် တယ်။ ဒါပေမဲ့လို့ တစ်ခုရှိတာက တရားမျှတမှုကို သူတို့တကယ်လို လားလို့ရှိရင် ဒေါက်တာအေး မောင်တို့လို လွှတ်တော်ကိုယ်စား လှယ်အဖမ်းခံရတုန်းက သူတို့ အခုလိုလွှတ်တော်ကိုယ်စားလှယ် မို့လို့ ပြန်လွှတ်ပေးသင့်တယ်ဆို တာမျိုး သူတို့ဘက်က တောင်းဆို ခဲ့တာရှိသလား။ အဲဒါတော့ ပြန် မေးစရာရှိတာပေါ့။ အခုက NLD က သူတို့အမတ်ကို လိုအပ်လို့ စစ်ဆေးဖို့ ထိန်းသိမ်းထားတဲ့ အခါကျမှ ပါလီမန်မှာ အရေးကြီး အဆိုတွေ တင်နေတာတွေတွေ့ ရတယ်’’ ဟု ပြောကြားပြီး တုံ့ပြန် စရာမရှိကြောင်း ဆိုသည်။


AA အဖွဲ့၏ ပြောကြားချက် နှင့်ပတ်သက်၍ ဒေါက်တာလှမိုးက ‘‘ဒေါက်တာအေးမောင်ကို ဖမ်း တာက နိုင်ငံတော်ရဲ့ တည်ဆဲဥပ ဒေကို ချိုးဖောက်တဲ့အတွက် ဥပ ဒေအရ ဖမ်းတာပါ။ AA က ဖမ်း တာသည် ဥပဒေမဲ့ဖမ်းတာ။ ဒေါက်တာအေးမောင်ကို ဖမ်းပြီး တဲ့အခါမှာ စနစ်တကျရုံးတင် တယ်။ စနစ်တကျ စစ်ဆေးတယ်။ စနစ်တကျ တရားစီရင်တယ်။ စနစ်တကျ ခုခံကာကွယ်ခွင့်ပေး တယ်။ သူတို့က ဥပဒေမဲ့ဖမ်းခြင်း ဖြစ်တယ်။ မတူဘူးဆိုတာဒါပဲ’’ ဟု မှတ်ချက်ပြုသည်။
အမ်းမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကို နိုင်ငံတော်ပုန်ကန် မှုနှင့် နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မနှစ်ခုဖြင့် ယခုနှစ်မတ် လက ထောင်ဒဏ် ၂၂ နှစ် ချမှတ် ခဲ့သည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ၂၀၁၈ ဇန်နဝါရီက ရသေ့တောင် မြို့နယ် စာပေဟောပြောပွဲတွင် ရခိုင်လူမျိုးများ အချုပ်အခြာအာ ဏာရရှိရေး လက်နက်ကိုင်တော် လှန်ရေးနည်းနှင့် နိုင်ငံရေးနည်း သာရှိကြောင်း၊ လက်ရှိတွင် AA သည် ရခိုင်နိုင်ငံတော်နှင့် အချုပ် အခြာပြန်လည်ရရှိရေး၊ ဗမာ့ကျွန် အဖြစ်မှ လွတ်မြောက်ရေး လက် နက်ကိုင်တိုက်ပွဲဝင်နေကြောင်း၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက် ရန်အားလုံးတွင် တာဝန်ရှိပြီး တော်လှန်ရန် အချိန်ကောင်းဖြစ် ကြောင်းဟောပြော၍ အရေးယူ ခြင်းဖြစ်သည်ဟု အစိုးရကထုတ် ပြန်ခဲ့သည်။
ဒေါက်တာအေးမောင်ကို NLD အစိုးရက ဖမ်းဆီးခဲ့ကြောင်း၊ NLD အစိုးရလက်ထက်တွင် စစ်အစိုးရ လက်ထက်ကထက်ပင် အခြေအနေပိုဆိုးနေကြောင်း၊ တပ်မတော်ဘက်က လူ့အခွင့်အ ရေးချိုးဖောက်မှုများ လုပ်ဆောင်နေခြင်းအပေါ် လွှတ်တော်က ထိန်းကျောင်းခြင်းမရှိဘဲ အစိုးရအနေဖြင့် တပ်မတော်နှင့်ရင်ကြား စေ့ရေးသာ ကြိုးပမ်းနေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ဆိုသည်။
တပ်မတော်ကလက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသကဲ့သို့ အစိုးရကလည်း လွှတ်တော်ထဲတွင် အမတ်ဦးရေ အများစုဖြင့် အနိုင်ကျင့်ခြင်းဖြစ်ကြောင်း ခိုင်သုခက ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး တပ်  မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က လွှတ်တော်အ မတ်ကို AA က ဖမ်းဆီးသည့် ကိစ္စအပေါ် လွှတ်တော်အပါအ ဝင် အားလုံးက ဝိုင်းကန့်ကွက် ရှုတ်ချခြင်းကြောင့် AA အနေဖြင့် ၎င်းတို့လုပ်ရပ်ကို ဖုံးကွယ်ပြောဆိုမှုများသာဖြစ်သည်ဟု မှတ်ချက်ပြု သည်။
လွှတ်တော်အမတ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းလူမှုအဖွဲ့အစည်းများ၊ ချင်းဘာသာရေး အဖွဲ့များနှင့်ချင်း နိုင်ငံရေးအင်အားစုများက တောင်း ဆိုချက် ထုတ်ပြန်ထားသည်။

7Day 

No comments:

Post a Comment

My Blog List