Friday, November 15, 2019

အကြမ်းဖက်လုပ်ရပ်များစွန့်၍ ငြိမ်းချမ်းရေးလမ်းပေါ်လျှောက်လှမ်းရန် ဗိုလ်ချုပ်မှူးကြီးဖိတ်ခေါ်


အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့အနေနဲ့ အကြမ်းဖက်လုပ်ရပ် တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ထပ်မံဖိတ်ခေါ်လိုက်ပါတယ်

နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့  မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်း မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့  နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး မှန်ကန်တဲ့ မေတ္တာ၊ စေတနာတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့  ပြည်သူအများက မျှော်လင့်ကြသလို ပါဝင်လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မတွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်ဥပဒေပြင်ပ လုပ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်၊ ပြည်သူ့မျက်နှာကိုသာ ထောက် ထားပြီး ငြိမ်းချမ်းရေး လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကြပါ”လို့ ဖိတ်ခေါ်သွားတာဖြစ်ပါတယ်။
ဒါ့အပြင် ဘယ်ဘာသာကို ကိုးကွယ်ကြသည်ဖြစ်စေ အားလုံးဟာ မြန်မာ နိုင်ငံသား “မြန်မာ”တွေသာဖြစ်လို့ မြန်မာစိတ်မွေးပြီး နိုင်ငံတော်အပေါ် သစ္စာ စောင့်သိ ရိုသေကြရမယ်၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာရေးဓလေ့ ထုံးစံတွေအပေါ် မှီငြမ်းဆောင်ရွက်ရခြင်းမျိုး ရှိကောင်းရှိမှာဖြစ်ပေမယ့် မိမိ အယူအဆနဲ့ မိမိ ဆောင်ရွက်ချက်တွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး မတည် မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်ကြောင်းနဲ့ လှုံ့ဆော်မှုမျိုးကိုလည်း အားမပေးသင့်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက  ပြောသွားပါတယ်။
အန်စီအေအပစ်ရပ်လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ခွန်ဥက္ကာကတော့ နိုင်ငံမှာ တွေ့ကြုံနေကြရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးကြောင့် ပေါ်ပေါက်လာရတဲ့ နိုင်ငံရေးပြဿနာများဖြစ်ကြောင်း၊ ပဋိပက္ခမှာ ပါဝင်ကြတဲ့ ဘက်ပေါင်းစုံက နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်အင်အားနဲ့သာ ဗဟိုပြုဖြေရှင်းနေကြတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါကြောင်း၊ အထူးသဖြင့် လက်နက်မဲ့/ အပြစ်မဲ့ ကြားခံပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရေးအပြုအမူတွေ ဆောင်ရွက်နေကြတာကို တွေ့ရလို့ အထူးကြေကွဲဝမ်းနည်းရကြောင်း ပြောပါတယ်။
ဘာသာပေါင်းစုံဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာဘာသာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့ ပူးတွဲဥက္ကဋ္ဌ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိကနဲ့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။ 
နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံဆွေးနွေးပွဲတွေကျင်းပနေချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ 
DVB 

No comments:

Post a Comment

My Blog List