Friday, November 15, 2019

မတ္တရာမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်သည့် ဒေသခံအား ဆက်လက်တူးဖော်ခြင်းမပြုရန် တားမြစ်ထား


Image may contain: 3 people, people standing, outdoor and natureImage may contain: 1 person, outdoor
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်မှုများလုပ်နေသည့် ဒေသခံများကို ဆက်လက်တူးဖော်ခြင်းမပြုရန် တားမြစ်ထားကြောင်း မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း က ပြောသည်။

အဆိုပါနေရာတွင် ရွှေများတူးဖော်နေကြောင်း နှင့် တရုတ်နိုင်ငံသားများပါ လာရောက်တူးဖော်မှုရှိကြောင်း လူမှုကွန်ယက်တွက် ပြန့်နှံ့လာပြီးနောက်တွင် သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည် ။
ကွင်းဆင်းစစ်ဆေးမှုများကို နိုဝင်ဘာလ ၁၁ ရက်နေ့က မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း အပါအဝင် သတ္တုတွင်းဦးစီးဌာန ၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူ းများ စသည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ။
``လက်ရှိကတော့ တူးနေတဲ့သူတွေကို တားထားတယ်။ ဗီနိုင်းလေးဘာလေးကပ်ပေါ့။ လုပ်ချင်ကြရင်လည်း လျှောက်ဖို့အတွက် ပြောထားတယ် ။ ကျွန်တော်တို့ သွားတဲ့အချိန်တုန်းကတော့ တရုတ်တွေမတွေ့ဘူး။ ဒေသခံတွေကို မေးတော့လည်းမလာဘူး။ မလုပ်ဘူးပဲပြောတယ်။´´ ဟု မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း က ပြောသည်။
ရွှေတူးဖော်မှုများသည် လက်လုပ်လက်စား တူးဖော်မှုများသာဖြစ်ပြီး ယခုအခါ တူးဖော်မှုများကို ရပ်ဆိုင်းထားရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ တစ်ဆင့် ဒေသခံများနှင့်တွေ့ဆုံ၍ ပြောဆိုထားကြောင်း သိရသည် ။
ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပြီး ဒေသခံများအနေဖြင့် လက်လုပ် လက်စား လုပ်ကိုင်ခွင့် လျှောက်ထားပါက ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဦးမင်းမင်း က ဆက်လက်ပြောသည် ။
အဆိုပါနေရာတွင် ဒေသခံများအနေဖြင့် တစ်နိုင်တစ်ပိုင် ရွှေရှာဖွေမှုများကို ၂၀၁၂ ခုနှစ် က စတင်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။
Image may contain: one or more people and outdoor
Image may contain: 1 person, sitting and food
Image may contain: 2 people, people sitting and outdoor 
Image may contain: one or more people, people sitting and outdoor 
Image may contain: one or more people, outdoor and nature 
(Zawgyi)
မတ္တရာမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်သည့် ဒေသခံအား ဆက်လက်တူးဖော်ခြင်းမပြုရန် တားမြစ်ထား
ႏိုဝင္ဘာ - ၁၄
နိုင်လင်းဦး
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်မှုများလုပ်နေသည့် ဒေသခံများကို ဆက်လက်တူးဖော်ခြင်းမပြုရန် တားမြစ်ထားကြောင်း မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း က ပြောသည်။
အဆိုပါနေရာတွင် ရွှေများတူးဖော်နေကြောင်း နှင့် တရုတ်နိုင်ငံသားများပါ လာရောက်တူးဖော်မှုရှိကြောင်း လူမှုကွန်ယက်တွက် ပြန့်နှံ့လာပြီးနောက်တွင် သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည် ။
ကွင်းဆင်းစစ်ဆေးမှုများကို နိုဝင်ဘာလ ၁၁ ရက်နေ့က မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း အပါအဝင် သတ္တုတွင်းဦးစီးဌာန ၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူ းများ စသည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ။
``လက်ရှိကတော့ တူးနေတဲ့သူတွေကို တားထားတယ်။ ဗီနိုင်းလေးဘာလေးကပ်ပေါ့။ လုပ်ချင်ကြရင်လည်း လျှောက်ဖို့အတွက် ပြောထားတယ် ။ ကျွန်တော်တို့ သွားတဲ့အချိန်တုန်းကတော့ တရုတ်တွေမတွေ့ဘူး။ ဒေသခံတွေကို မေးတော့လည်းမလာဘူး။ မလုပ်ဘူးပဲပြောတယ်။´´ ဟု မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း က ပြောသည်။
ရွှေတူးဖော်မှုများသည် လက်လုပ်လက်စား တူးဖော်မှုများသာဖြစ်ပြီး ယခုအခါ တူးဖော်မှုများကို ရပ်ဆိုင်းထားရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ တစ်ဆင့် ဒေသခံများနှင့်တွေ့ဆုံ၍ ပြောဆိုထားကြောင်း သိရသည် ။
ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပြီး ဒေသခံများအနေဖြင့် လက်လုပ် လက်စား လုပ်ကိုင်ခွင့် လျှောက်ထားပါက ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဦးမင်းမင်း က ဆက်လက်ပြောသည် ။
အဆိုပါနေရာတွင် ဒေသခံများအနေဖြင့် တစ်နိုင်တစ်ပိုင် ရွှေရှာဖွေမှုများကို ၂၀၁၂ ခုနှစ် က စတင်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

No comments:

Post a Comment

My Blog List