Thursday, November 14, 2019

ဦးဝှေ့တင်း အမြန်ဆုံးလွတ်မြောက်ရေး ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်


Image may contain: 1 person, hatImage may contain: 1 person

AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ နိုဝင်ဘာ(၁၃)ရက်က အရေးကြီးအဆိုတစ်ရပ် တင်သွင်းလိုက်ပါတယ်။

အဲဒီအဆိုကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး က တင်သွင်းလိုက်တာဖြစ်ပြီး အဆိုတင်သွင်းတာနဲ့ ပတ်သက်လို့ ဒေါက်တာလှမိုး ကအခုလိုပြောပါတယ်။
“AA အဖွဲ့ရဲ့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်အပေါ်မှာ ပြည်ထောင်စုလွှတ်တော်က ရှုတ်ချကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အရပ်သားများ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများကို အမြန်ဆုံး လွှတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းတဲ့ အဆိုဖြစ်ပါတယ်” လို့ ဒေါက်တာလှမိုးက ဆိုပါတယ်။
အမျိုးသားလွှတ်တော် အမတ် ဦးဝှေ့တင်ဟာ ပလက်ဝ-ဇိုရမ် လမ်းပိုင်းကို ဖောက်လုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး၊ စကားပြန် ၂ ဦး၊ အမြန်ရေယာဉ် (Speed Boat) မောင်းနှင်သူ ၂ ဦးတို့နဲ့အတူ နိုဝင်ဘာလ ၃ ရက်က ကုလားတန်မြစ်အတွင်း သွားလာနေစဉ် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် မိုင်းရယ်မဲဆန္ဒနယ်က ဦးစိုင်းသီဟကျော် ကအခုလိုပြောပါတယ်။
“မဲဆန္ဒနယ်က ပြည်သူများကလည်းပဲ သူ့ကိုယ်စားလှယ် ဖမ်းဆီးခံရတဲ့အပေါ်မှာ တစ်စုံတစ်ခု ပြောဆိုသင့်တယ်။ သူ့ရဲ့ပါတီအဖွဲ့အစည်းကနေ ချက်ခြင်း ဒီဟာကို အရေးတယူဆောင်ရွက်ပေးဖို့တော့ လိုတယ်
တစ်ခုခုညှိနှိုင်းဆောင်ရွက်တာ၊ သဘောထားထုတ်ပြန်တာ။ ဒီအပြင် သူရဲ့အမျိုးသားလွှတ်တော်ဆိုရင်လည်း ဖြစ်ဖြစ်ချင်းမှာ ပြန်လွှတ်ပေးသင့်ကြောင်း၊ မလုပ်သင့်ကြောင်း တစ်စုံတစ်ခုတော့ ဆောင်ရွက်ပေးဖို့လိုတယ်” လို့ ဦးစိုင်းသီဟကျော်က ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဲဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လာမယ့် (၁၈)ရက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
Image may contain: one or more people, people sitting and indoor 
သတင်း - မင်းဇင်

No comments:

Post a Comment

My Blog List