Thursday, November 14, 2019

၂၀၂၀ တွင် ကြိုတင်မဲဖြင့် အနိုင်ယူခြင်းမျိုးမဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ရမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပြော

Image may contain: 1 person, indoor
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အနိုင်ယူခြင်းမျိုးမဖြစ်စေရေး အလေးအနက်ထား၍ ဂရုစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
'ပြီးခဲ့တဲ့ကာလတွေမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာတွေကို ပြန်ကြည့်ရင် ဒီကြိုတင်မဲက လူထုကြားမှာ မဲအများဆုံးပဲ။ အဲဒီလိုလည်း ဒီကာလတွေမှာ တကယ်ဖြစ်ခဲ့တယ်။ ကြိုတင်မဲတွေနဲ့ မတရားသဖြင့် အနိုင်ယူတယ်ဆိုတာ ကျွန်တော်တို့ ဖြစ်ပေါ်ခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ ကော်မရှင်လက်ထက်မှာ၊ ကျွန်တော်က ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ဘယ်လိုနည်းနဲ့မှ အနိုင်ယူလို့မရအောင်၊ ဘယ်လိုနည်းနဲ့မှ ပွားလို့မရအောင် ကျွန်တော်တို့ ကော်မရှင်မှာ တာဝန်ရှိပါတယ်။ အဲဒါ ကြိုတင်မဲကိစ္စကတော့ အလေးအနက်ထားပြီး ဂရုစိုက်ပြီးတော့ အထူးအာရုံစိုက်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်'ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလများတွင် ကြိုတင်မဲများဖြင့် မည်သို့ဖြစ်ခဲ့သည်ကို သိရှိခဲ့ပြီးဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် ထိုသို့သောကိစ္စရပ်များ မပေါ်ပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း ၎င်းက ပြောဆိုသည်။
'ဘာလို့လဲဆိုရင် ကျွန်တော်တို့ ဖြစ်ခဲ့တာ သိခဲ့ပြီးပြီ။ အဲဒီကြိုတင်မဲတွေနဲ့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ သိခဲ့ပြီးပြီ။ အဲဒါကြောင့် ကြိုတင်မဲတွေနဲ့ ကျွန်တော်တို့ လက်ထက်မှာ တစ်စွန်းတစ်စမှ မပေါ်ပေါက်အောင် စောင့်ရှောက်ထိန်းသိမ်းရမယ့်တာဝန် ကျွန်တော်တို့မှာရှိပါတယ်' ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် မဲပေးသည့် မဲရေတွက်ခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်းများကိုလည်း ကော်မရှင်အနေဖြင့် ကြီးကြပ်ပေးရပြီး ရွေးကောက်ပွဲနီးသည့်အခါ မဲပေးရာတွင် မသမာမှုများ၊ အခြားသွေးဆောင်ဖြားယောင်းခြင်းများ မရှိစေရန်၊ မဲပေးသည့် စနစ်မှန်ကန်ရန် လိုအပ်ကြောင်း၊ မဲရေတွက်သည့်အခါတွင်လည်း ခိုင်လုံမဲ၊ ပယ်မဲများကို တိတိကျကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးလှသိန်းက ပြောဆိုသည်။
ထို့ပြင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဟန်ပြမဟုတ်ဘဲ စံပြဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်သူများအနေဖြင့် မဲပေးရာတွင် စနစ်တကျ မှန်မှန်ကန်ကန်ပေးတတ်ရန်အတွက် ပြည်သူများနှင့် မဲဆန္ဒရှင်များအား ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးလှသိန်းက ပြောဆိုသည်။
'ပြည်သူတွေကိုတော့ အပြစ်မပြောလိုပါဘူး။ ကျွန်တော်တို့ အခြေအနေကိုက ဒီမိုကရေစီစနစ်က ၂၀၁၀၊ ၂၀၁၅ ပဲ စထားတော့ ပြည်သူတွေအမြင်တွေမှာ ရွေးကောက်ပွဲဆိုတာ အစိုးရလုပ်တာ၊ သူတို့ဖြစ်ချင်တာကို သွားလုပ်ပေးရတာလို့ ယူဆတဲ့ လူတွေကရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲက နှစ်ကြိမ်ပဲလုပ်ရသေးတာ။ တခြားနိုင်ငံတွေလို၊ တိုးတက်ပြီး နိုင်ငံတွေလို မဲပေးတဲ့ တာဝန်က တို့တာဝန်၊ တို့တာဝန်မှာမှ အရေးအကြီးဆုံးတာဝန်၊ ငါးနှစ်မှတစ် ကြိမ် ပေးရတာ၊ တစ်နှစ်တစ်ကြိမ်ပေးလို့ မရဘူး။ ဒီငါးနှစ်တစ်ကြိမ် အဆုံးအဖြတ် မှားသွားရင် တို့ပဲပြန်ခံရမယ်ဆိုတဲ့ mindset ကို ရောက်အောင် ပြောပေးရမယ်။ အများကြီး ပြောပေးဖို့လိုတယ်'ဟု ၎င်းက ပြောဆိုသည်။
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေး စသည့် စံငါးချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုသည်။
သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း
(Unicode Version)

No comments:

Post a Comment

My Blog List