Thursday, November 14, 2019

(၂၀၁၈)ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု စာရေးဆရာကြီး ဦးတင်မောင်မြင့်နှင့် ဦးထွန်းအောင်ချိန်တို့ရရှိ


Image may contain: 1 person, smiling, closeupImage may contain: 1 person

မြန်မာစာပေအကျိုးအတွက် တစ်သက်တာလုံး အားထုတ်ရေးသားပြုစု ခဲ့တဲ့တာကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ စာရေးဆရာကြီး ဦးတင်မောင်မြင့်နဲ့ စာပေပညာရှင် ဆရာကြီး ဦးထွန်းအောင်ချိန်တို့ကို အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ က (၂၀၁၈ )ခုနှစ်အတွက် အမျိုးသားစာပေတစ် သက်တာဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက (၂၀၁၈ )ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်များကိုစိစစ်ရွေးချယ်ခဲ့ ပြီး အမျိုးသားစာပေဆုချီးမြှင့်ဖို့ ရွေးချယ်ခံရတဲ့ စာအုပ်တွေရဲ့ စာရေး ဆရာတွေကိုလည်း ထုတ်ပြန်ကြေညာပါတယ်။
ဝတ္ထုရှည်ဆုကို ဂျူးစာပေတိုက်က ထုတ်ဝေပြီး ဂျူးရေးသားတဲ့ "သက်တံတို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ ခြုံလွှာ " စာအုပ်က ရရှိခဲ့ပြီး ဝတ္ထုတိုဆုကို မဟာ စာပေတိုက်က ထုတ်ဝေပြီး မြစ်ကျိုးအင်းရေးသားတဲ့ "မျှော်လင့်ခြင်းကို များတဲ့ညနေ " စာအုပ် က ရရှိခဲ့ပါတယ်။ ကဗျာဆု အတွက်ကိုတော့ ကိုသန်းထွန်း ရေးသားပြီး နှစ်ကာလများ စာပေတိုက်က ထုတ်ဝေတဲ့ "ညဉ့်ပုံပြောသူစာအုပ် " စာအုပ်က ရရှိခဲ့ပါတယ် ။ စာပဒေသာ ဆုကိုတော့ Wisdom House စာပေတိုက်က ထုတ်ဝေပြီး "လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန်သူ " စာအုပ်ကို ရေးသားတဲ့ မသန်းသန်း(မန်းတက္ကသိုလ်) က ရရှိခဲ့ပါတယ်။ ဘာသာပြန်(ရသ)ဆု ကို ကံ့ကော်ဝတ် ရည်စာပေတိုက်က ထုတ်ဝေပြီး William Golding ရဲ့ Lord of the Files ကို "မိစ္ဆာကျွန်း" စာအုပ်အဖြစ် ပြန်ဆိုရေးသားခဲ့တဲ့ ဝေယံဘုန်း က ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သုတပဒေသာ (ဝိဇ္ဇာ) ဆုကို မြဝင်း (ဒဿန) က "ဇော်ဂျီ၏ ရသပညာ" စာအုပ် နဲ့ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုကိုတော့ မောင်ကျေးရေ (ဦးမြင့်သိန်း) ရေးသားတဲ့ "မြေအောက်ရေနှင့် ရေအရေးစာစုများ" စာအုပ် တို့နဲ့ ရရှိခဲ့ကြတာပါ။ နိုင်ငံရေးစာပေဆုကိုတော့ အောင်မြင့်ဦး (မဟာဝိဇ္ဇာ) ရေးသားတဲ့ "မြန်မာ့နိုင်ငံ ရေးသမိုင်းထဲက ပြည်သူ့ရဲဘော် " စာအုပ်က ရရှိပါတယ်။ အင်္ဂလိပ် ဘာသာ(သုတ)ဆုကို New Myanmar Publishing House စာပေတိုက် က ထုတ်ဝေပြီး Kyaw Zwa Moe ရေးသားတဲ့ " The Cell, Exile and The New Burma" စာအုပ် က ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရသစာတမ်း(အက်ဆေး) ဆုအတွက်ကိုတော့ မင်းချမ်းမွန် ရေးသားတဲ့ "သစ်ရွက်ပေါ်က ပျားရည်စက်များ ရသအက်ဆေးစုစည်းမှု" စာအုပ် ကို ရွေးချယ်လိုက်တယ်လို့ ထုတ်ပြန်ချက် အရသိရပါတယ်။
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိ ပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လောကက အတွေ့အကြုံရှိသူတွေပါဝင်တဲ့ ပုဂ္ဂိုလ် (၅၄)ဦးနဲ့ ဖွဲ့စည်းပြီး ဆုတွေအတွက်ကိုတော့ အဆင့်သုံးဆင့်နဲ့ စနစ်တကျ စိစစ်ရွေးချယ်ခဲ့ ကြတယ်လို့လည်းသိရပါတယ်။
နိုင်ငံတော်ကနေ အမျိုးသားစာပေတစ်သက်တာဆုအတွက် တစ်ဦးကို ငွေကျပ်သိန်း (၅၀)ချီးမြှင့် မှာဖြစ်ပြီး အမျိုးသား စာပေဆုတွေအတွက်ကိုတော့ ဆုတစ်ဆုကို ငွေကျပ် (၂၅)သိန်း ချီးမြှင့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေ ဆု နဲ့ စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားကိုတော့ နိုဝင်ဘာ(၂၇)ရက် ရန်ကုန်မြို့ မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Image may contain: 10 people, people smiling 
Image may contain: 2 people, people smiling 
Photo credit- ဦးကြည်ဝင်း(လောကအမွန်)

No comments:

Post a Comment

My Blog List