Thursday, November 14, 2019

ကွတ်ခိုင်မြို့အနီးဝန်းကျင်တွင် ပစ်ခတ်မှုများကြောင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများရပ်နား

Image may contain: sky, car and outdoor
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ အနီးဝန်းကျင်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် မူဆယ်-မန္တလေးပြေးဆွဲနေသော ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ရပ်နားခဲ့ရကြောင်း သိရသည်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ နတ်စင်အနီးတွင် နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီ၌ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့မှ ငွေကြေးကောက်ခံမှုနှင့် ပစ်ခတ်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

'ဆင်းလာဖြစ်တဲ့ တချို့ကားဆရာတွေ ပြောတာကတော့ ဆက်ကြေးကောက်နေတယ်လို့ သိရပါတယ်။ သွားတော့ မကြည့်ဖြစ်ဘူးပေါ့နော်။ အခုဖုန်းဆက်နေတဲ့ မနက် ၉နာရီ မိနစ် ၂၀ မှာတော့ ပစ်ခတ်သံတွေ ရှိနေပါတယ်။ နေ့လယ်ပိုင်းအထိတော့ လမ်းပိတ်နေပါတယ်'ဟု နမ့်ဖတ်ကာရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆို ဆက်ကြေးကောက်ခံခြင်းကြောင့် ယာဉ်ကြောများ ပိတ်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ယာဉ်ကြောပိတ်ဆို့မှုမှာ ခန့်မှန်းမရနိုင်ကြောင်း၊ ယာဉ်ကြောပြန်လည် ဖွင့်လှစ်မည်ဆိုပါက စည်းကမ်းရှိမှသာလျှင် လမ်းကြောပွင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
'ကျွန်တော်တို့ ဆိုင်ကယ်ကယ်ရီသွားစီးမယ့်သူတွေကတော့ ပြန်လှည့်လာကြပါတယ်။ သွားလို့မဖြစ်နိုင်တော့လို့ပါ။ လမ်းခရီးမှာ အစားအသောက် ဒုက္ခရောက်နိုင်ပါတယ်။ ဘယ်အချိန်ထိဖြစ်မလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ အရင်တစ်ခေါက်ဖြစ်ထားတဲ့သင်ခန်းစာရှိထားပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံရမှာပါ။ အရင် တစ်ခါကားတွေ မီးရှို့တာတောင် ဘယ်သူမှ ဘာမှမလုပ်ပေးထားဘူး'ဟု တရုတ်ပြည် ကျယ်ဂေါင်မှ ဆိုင်ကယ်ကယ်ရီမောင်းသူ စိုင်းကျော်ဌေးက ပြောဆိုသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဩဂုတ် ၁၅ ရက်က နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းတံတားအပါအဝင် အခြားသောတံတားများကို ဖောက်ခွဲမှုများရှိခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ ကြောက်လန့်နေဆဲဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်နေကြကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - နောင်(မြစ်မခ)
(Unicode Version)

No comments:

Post a Comment

My Blog List