Saturday, April 18, 2015

အင်ဒိုနီးရှားတွင် ယမကာ ပိတ်ပင်ရန် အစ္စလာမ္မစ်ပါတီကြီး ၂ ခု အဆိုတင်


မွတ်စလင်အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာအစ္စလာမ္မစ်ပါတီကြီး ၂ ခုက နိုင်ငံအတွင်း ယမ ကာသောက် သုံးမှုအားလုံးကို ပိတ်ပင်တဲ့အဆိုကို လွှတ်တော်ကို တင်သွင်းထားပါတယ်။ လွှတ်တော် မှာ ထောက်ခံမှု ဘယ်လောက်ရမလဲတော့ မသိပေမယ့် အရင်တခေါက် ကြိုးစားမှုကတော့ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမဒန်ဥပုပ်လ မတိုင်ခင် လူထုထောက်ခံမှု ရအောင် အယောင်ပြ ကြိုးစားမှုအဆင့်ပဲ ရှိခဲ့ပါတယ်။
ယမကာထုတ်လုပ်သောက်သုံးမှုကို မူးယစ်မှောင်ခိုမှုအပြစ်ဒဏ်နဲ့ တန်းတူ သတ်မှတ်ထားပြီး ထောင်ဒဏ် ၂ နှစ်အထိ ကျခံနိုင်တဲ့အမှုအဖြစ်လည်း ထည့်သွင်း ထားပါတယ်။

အဆိုကို တင်သွင်းခဲ့တဲ့ အစ္စလာမ္မစ်ပါတီကိုယ်စားလှယ်တဦးက ဒီအဆိုဟာ ဘာသာရေးနဲ့ မပတ်သက်ဘဲ လူထုကျန်းမာရေးအတွက် ရည်ရွယ်ပြီး ရေးဆွဲ တင်သွင်းတယ်လို့ ပြောဆိုပါတယ်။

အရက်ပါဝင်နှုန်း ၁ ရာခိုင်နှုန်းထက် ကျော်လွန်တဲ့ ဘယ်ယမကာမျိုးကိုမဆို ပိတ်ပင်ထားတယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

မီနီစတိုးဆိုင်ပိုင်ရှင်တဦးက ဒီလွှတ်တော်အဆိုဟာ သိပ်တော့ မမှန်ကန်ဘူးလို့ ပြောဆိုပါတယ်။

ဂျကာတာမြို့တော်ဟာ ကမ္ဘာ့မြို့တော်ကြီးတွေထဲက တခုဖြစ်ပြီး အရက်မကြိုက်တဲ့ သူလည်း ရှိမှာ ဖြစ်သလို၊ ကြိုက်တဲ့လူလည်းရှိတယ်လို့ ပြောဆိုပါတယ်။

လူဦးရေ သန်း ၂၅၀ လောက်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ဘီယာသောက်သုံးမှုအများဆုံးအဆင့်ဝင် ၁၀ နိုင်ငံမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ဘီယာအရောင်း ၅၄ ရာခိုင်နှုန်း တက်လာတယ်လို့ဆိုပါတယ်။

ကမ္ဘာ့ကျော် ဟန်နီကမ်(Heineken)ဘီယာကုမ္ပဏီက အများစု ပိုင်ဆိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် ဘင်တန် (Bintang)ဘီယာဟာ ပြည်တွင်းမှာ အရောင်း စံချိန်တင်နေတာလည်း ဖြစ်ပါတယ်။

ဒီယမကာပိတ်ပင်မှုဥပဒေဟာ နိုင်ငံခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်တဲ့အတွက် ကြယ် ၅ ပွင့်အဆင့် ဟိုတယ်တွေနဲ့ နာမည်ကျော်အပန်းဖြေကျွန်းဖြစ်တဲ့ ဘာလီကျွန်းတို့လိုနေရာတချို့မှာ ချွင်းချက်ခွင့်ပြုနိုင် တယ်လို့ ဂျကာတာပိုစ်သတင်းစာမှာ သုံးသပ်ရေးသား ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List