Wednesday, April 15, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားစစ်သံမှူး မိသားစုများနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ ၊ လေ) မိသားစုရေကစားမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲသို့ တက်ရောက်အားပေး







မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အကျနေ့ ဖြစ်သော ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များ၊ တေးသံရှင် များ၏ သီဆို ကပြဖျော်ဖြေမှုများနှင့်အတူ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးသည်။

ရှးဦးစွာ နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူ ကြူလှ နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားစစ်သံရုံး များမှ စစ်သံမှူးများနှင့် မိသားစုများသည် ရေကစားမဏ္ဍပ်သို့ တက်ရောက်လာ ကြရာ တာဝန်ရှိသူများက စံပယ်ပန်းကုံးများဖြင့် ကြိုဆိုကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက အတာရေများ အပြန်အလှန် ပက်ဖျန်းပြီး ယိမ်းအဖွဲ့များနှင့် အတူမဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

အဆိုပါ ရေကစားမဏ္ဍပ်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ လာရောက်၍ ပျော်ရွှင်စွာရေကစားကြပြီး ရုံး/ ဌာနအသီးသီးမှ ယိမ်းအကအဖွဲ့များနှင့်တေး သံရှင်များကလည်း မြဝတီတေးဂီတ အဖွဲ့နှင့်အတူ တေးသံသာများ၊ သင်္ကြန်ယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး မိသားစုရေကစားမဏ္ဍပ် နှင့်နိုင် ငံတော်ကာကွယ်ရေး တက္ကသိုလ်ရှိ ရေကစားမဏ္ဍပ်များ သို့ သွားရောက်၍ မဟာသင်္ကြန်ရေသဘင်ပွဲကို ကြည့်ရှုအားပေးကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း ရုံး/ဌာနများမှ မိသားစုရေကစားမဏ္ဍပ်၊ ဇေယျာသီရိ ကုန်တိုက်အနီးရှိ ဇေယျာသီရိမိသားစုရေကစားမဏ္ဍပ်၊ နေပြည်တော်တည်းခိုရေးစခန်းရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်မိသားစု ရေကစားမဏ္ဍပ်များတွင်လည်း ယနေ့ မဟာသင်္ကြန်အကျနေ့တွင် ရေပက်ခံလာ သူများ၊ ရေပက်ကစားကြသူများဖြင့် မဟာသင်္ကြန်အတာရေသဘင်ပွဲအား စည်ကားပျော်ရွှင်စွာ ဆင်နွှဲလျက် ရှိပြီး မဏ္ဍပ်တိုင်းတွင် သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များ က တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List