Wednesday, April 15, 2015

ကိုးကန့်သောင်းကျန်းသူ အခိုင်အမာ အခြေပြု တာကထန်ကျေးရွာ ဝန်းကျင်ရှိ တောင်ကုန်းများနှင့် ကျေးရွာအား သိမ်းပိုက်ရရှိ


လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာများ ပျက်ပြားစေရန် ရည်ရွယ်၍ ကိုးကန့်သောင်းကျန်းသူများအနေဖြင့် အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများက အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချမှေုန်းခဲ့ခြင်းကြောင့် ၎င်းင်းတို့၏ ရည်ရွယ်ချက်များ ပျက်ပြားခဲ့ကာ ဆုတ်ခွာထွက်ပြေးပြီး နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ပါစင်ကျော်ကျေးရွာ အရှဘေ့က်ရှိ မြင့်မားမတ်စောက်သော တောင်ကုန်းများအား အခိုင်အမာခြေကုပ်ယူ လျက်ရှိသည်။
ထိုသို့ ကိုးကန့်သောင်းကျန်းသူများက မြေအနေအထားအရ အသာစီးရယူပြီး ခြေကုပ်ယူထားသော တောင် ကုန်းများအား တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူများ၊ သံချပ်ကာတိုက်ယာဉ်ပစ်ကူများရ ယူပြီး ဟန်ချက်ညီညီဖြင့် ရဲဝံ့စွန့်စားစွာ ရန်သူအား ထိန်းချုပ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၁၈၄၅ တောင်ကုန်း အပါအဝင် စခန်းအချို့ သိမ်းပိုက်ရယူနိုင်ခဲ့သည်။

အလားတူ ယနေ့တွင် သောင်းကျန်းသူများ အခြေပြုစခန်းရှိရာ တာကထန် ကျေးရွာအား စိုးမိုးထား ရှိသော တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက လက်နက်ကြီးပစ်ကူများ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူများ ရယူပြီး မြင့်မားမတ်စောက်သော ကျောက်တောင်စောင်းမှတစ်ဆင့် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းကြောင့် နံနက် ၈ နာရီခွဲတွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။

ထို့အပြင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေးပြီး ၎င်းတို့ထိန်းချုပ်ထားသောတာက ထန် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းများတွင် ယာယီအခြေပြု၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်မကွာ လိုက်လံ၍ အဆင့်ဆင့် ထိန်းချုပ် တိုက်ခိုက် ချမှေုန်းခဲ့ခြင်းကြောင့် တာကထန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်အား ညနေ ၃ နာရီ ၂၀ မိနစ်တွင် ရှင်းလင်းသိမ်းပိုက် ရရှိခဲ့သည်။

သိမ်းပိုက်ရရှိသော တာကထန်ကျေးရွာအနီးရှိ တောင်ကုန်းများနှင့် တာကထန် ကျေးရွာအတွင်း ကိုးကန့်သောင်းကျန်းသူများထံမှ အာရ်ပီဂျီ ၆ လက်၊ စက်လတ် ၁ လက်၊ စနိုက်ပါ ၁ လက်၊ အမ်-၂၂ သေ နတ် ၁ လက်၊ အေကေ-၄၇ သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၂၅၀ တောင့်၊ အာရ်ပီဂျီဗုံးသီး ၁၂ လုံးနှင့် ပို့ကျည် ၉ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၈၈ လုံး၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ စက်လတ်ကျည်ခါးပတ်တွဲ ၂ ခု၊ ရှပ်ကွဲမိုင်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်များတွင် တပ်မတော်မှ စစ်သည် ၅ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တပ်မတော်ဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခင်သိမ်းပိုက်နိုင်ခဲ့သော ပွိုင့်-၁၈၄၅ တောင်ကုန်းနှင့် ယနေ့ သိမ်းပိုက် ရရှိသော တာကထန်ကျေးရွာ အနီးရှိ တောင်ကုန်းတို့အား သိမ်းပိုက်ရရှိပြီး တာကထန် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်အား နယ်မြေရှင်း လင်းခြင်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ပါစင်ကျော်အရှေ့ဘက်ခြမ်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများအား ထိန်းချုပ်ထားသော တောင်ကုန်းများ၊ ကိုးကန့်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နိုင်သော နေရာများအား ထိန်းချုပ်ထားနိုင်ပြီး ရန်သူများဆုတ်ခွာရာ လမ်းကြောင်းများသို့ ထပ်ကြပ်မကွာ လိုက်လံခြေမှုန်း တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်းနှင့် လိုအပ်သော အထောက်အကူ များ ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Popular Myanmar News

No comments:

Post a Comment

My Blog List