Saturday, April 18, 2015

ယူကရိန်း အတိုက်အခံတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး


အရင်ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ကို ထောက်ခံသူ ယူကရိန်း အတိုက်အခံတဦး ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က မြို့တော် ကီယက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ အိုလေ ကလက်စ်ရှ်နီကော့ဗ်ဟာ အနောက်နိုင်ငံ တွေက ထောက်ခံ အားပေးတဲ့ ဒီမိုကရေစီဆန္ဒပြပွဲတွေကို ဆန့်ကျင်သူ တဦးဖြစ်ပြီး အဲဒါကြောင့် သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ် လို့ ပြည် ထဲရေး ၀န်ကြီးဌာန အဆင့်မြင့်အာဏာပိုင်တဦးက ပြောဆိုပြီး သေမှုသေခင်း ဖွင့်ထားတယ်လို့ ပြော ပါတယ်။

ဒီတဦးနဲ့ပါဆိုရင် ၃ လအတွင်း သမ္မတဟောင်း ယာနူကိုဗစ်ရဲ့ မဟာမိတ် အနည်းဆုံး ၈ ဦး သေဆုံးခဲ့ကြပြီး တချို့ဟာ အဆုံးစီရင်ပြီး တချို့ဟာ အသတ်ခံရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောဆိုပါတယ်။

သူဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာ အတိအကျ မသိရှိသေးသလို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမှုလည်း မရှိသေးပါဘူး။

ယူကရိန်းသမ္မတ ပိုရိုရှန်ကိုကတော့ ကလက်စ်ရှ်နီကောဗ်ရဲ့ အမှုအပါအ၀င် ရုရှား လိုလားတဲ့ ယူကရိန်းသတင်းထောက်တဦး သေဆုံးမှုကို အမြန်ဆုံးနဲ့ အမှန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူဖို့ ညွှန်ကြားထားပါတယ်။

DVB

No comments:

Post a Comment

My Blog List