Wednesday, April 15, 2015

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ မြောက်ဥက္ကလာပမြို့နယ်တွင် သံချပ်ထိ


















ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ မြောက်ဥက္ကလာပမြို့နယ်၊ မြရတနာ (ခ) ရပ်ကွက် (၁၀) လမ်းတွင် ည ၁၀ နာရီ၌ သံချပ်ထိုးခဲ့ကြပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ အားပေးမှု အများအပြား ရရှိခဲ့သည်။

၎င်းတို့၏ သံချပ်များတွင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို မီးမောင်းထိုးတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး မတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျောင်းသား များအား အကြမ်းမဖက်ရေး ဆန္ဒပြသူများအား တာဝန်လက်ပတ်နီများက ရိုက်နှက်ဖမ်းဆီးမှုနှင့် မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ရိုက်နှက်ဖြိုခွင်းမှု ဖြစ် စဉ်များအပါအ၀င် ဖမ်းဆီးခံကျောင်းသားများအား ပြင်ပရှိ ကျောင်းသားများက အားပေးနေကြောင်း စသည့် သရုပ်ဖော်ပြကွက် များဖြင့်လည်း တင်ဆက်သွားခဲ့သည်။

(ဓာတ်ပုံ- ကြည်နိုင်၊ ပြည့်စုံအောင်)
Eleven Media Group

No comments:

Post a Comment

My Blog List