Wednesday, April 15, 2015

လစ်ဗျားကနေ အီတလီသွားတဲ့ လှေမှောက်လို့ ၄၀၀ သေ


လစ်ဗျားနိုင်ငံကနေ အီတလီနိုင်ငံမှာ ခိုလှုံဖို့ ကြိုးစားတဲ့အနေနဲ့ လှေတွေနဲ့ သွားလာရင်း လှေတိမ်းမှောက်ရာ က လူအယောက်ပေါင်း ၄၀၀ လောက် သေဆုံးခဲ့ရတယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောပါတယ်။ အဲဒီ လှေကြီးဟာ လူပေါင်း ၅၅၀ လောက် တင်ဆောင်လာတာဖြစ်ပြီး လစ်ဗျားနိုင်ငံကနေ ထွက်ခွာပြီး ၂၄ နာရီအကြာလောက်မှာ တိမ်းမှောက်ခဲ့ တာ ဖြစ်ပါတယ်။
လူပေါင်း ၁၅၀ လောက်ကို အချိန်မှီ ကယ်ဆယ်နိုင်ပြီး အင်္ဂါနေ့တုန်းက အဲဒီလူတွေကို အီတလီနိုင်ငံ တောင် ပိုင်းဆီကို ပို့ဆောင်ခဲ့တယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။

အသက်ရှင် ကျန်ရစ်ခဲ့သူ အများစုက ဆာဟာရ အာဖရိက လူမျိုးစုတွေ အများကြီး ပါဝင်တယ်လို့ ဆိုပါတယ်။

လှေက ဘယ်လို တိမ်းမှောက်ပြီး လူဘယ်နှစ်ယောက် ပါသလဲ ဆိုတာကို အတိအကျ သိရအောင် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်မှုအဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

မကြာသေးခင်တုန်းကလည်း အာဖရိကတိုက်ကနေ အီတလီနိုင်ငံထဲ ဝင်ဖို့ ကြိုးစားတဲ့ လှေတစ်စီး တိမ်းမှောက်ခဲ့ရာက လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အရင်နှစ်တုန်းက ဒီအချိန်အတွင်း ပင်လယ်ပြင်မှာ လူပေါင်း ၄၇ လောက်သာ သေဆုံးခဲ့ရပေမယ့် ဒီနှစ် မှာတော့ ရာနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

ဒီအချိန်ဟာ ရာသီဥတု ကောင်းမွန်ချိန် ဖြစ်တာကြောင့် စစ်ဖြစ်နေတဲ့ ဒေသက လူတွေဟာ ဥရောပတိုက် မှာ ပြောင်းရွှေ့တဲ့အနေနဲ့ အခုလို အသက်စွန့်ပြီး လှေတွေနဲ့ ဝင်လာကြတာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List