Thursday, June 27, 2013

နောက်ကြောင်းမပြန်ရေး စိန်ခေါ်မှု ၁ဝ ချက်

Thursday, June 27, 2013
မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသန္ဓေတည်လာပြီဖြစ်သော အသွင်ကူးပြောင်းရေးသည် ယနေ့ကမ္ဘာတွင် အကောင်းဆုံးသော ဒီမိုကရေစီကြိုးပမ်းမှု သရုပ်သကန်အဖြစ် ထွက်ပေါ်လာခဲ့ပြီးပါပြီ။ မီးစာကုန်ဆီခန်းနေပြီဖြစ်သည့် ပြင်းထန်သည့် စစ်အုပ်ချုပ်ရေးအောက်တွင် ရာစုနှစ်ထက်ဝက်တာခန့် ကျရောက်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ဗဟိုဦးစီး ချုပ်ကိုင်မှုနှင့် ဖီလာဆန့်ကျင်သော အများပြည်သူ ပါဝင်သည့် စီပွားရေး၊ နိုင်ငံရေးနှင့်လူမှုရေးလှုပ်ရှားမှုများဖြင့် အသွင်သစ် စနစ်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များဖြစ်ကြသော သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်မှု အရည်အသွေးနှင့် အသွင်ကူးပြောင်းရေး၏တည်ငြိမ်မှုအား စမ်းသပ်မည့် စိန်ခေါ်မှုများအား ယနေ့ကာလဖြစ်ထွန်း တိုးတက်မှုများမှသည် နောင်လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအထိ ရင်ဆိုင်သွားရ မည် ဖြစ်သည်။

ကျွန်တော်တို့အနေဖြင့် မကြာသေးမီကာလက လွှတ်တော်အမတ်များ၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊ သမ္မတ ဦးသိန်းစိန်၏ အကြံပေးများ၊ စီးပွားရေးနှင့် လူထုအခြေပြု လူမှုရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ စာနယ်ဇင်းသမားများနှင့် တွေ့ဆုံအကြံပေးနိုင်ရန်တွက် မြန်မာပြည်သို့ ထပ်မံသွားရောက်ခဲ့ပါသည်။

အဆိုပါ မြန်မာနိုင်ငံခေါင်းဆောင်များအနေဖြင့် သမိုင်းတွင်မည့် အောင်မြင်မှုများအား ဆောင်ကျဉ်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ထိန်းကျောင်းရာတွင် ရင်ဆိုင်ကြုံတွေ့ရမည့် အဓိကစိန်ခေါ်မှု ၁ဝ ချက်ကို ယင်းဆွေးနွေးပွဲများမှတစ်ဆင့် ကျွန်တော် တို့ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

၁။ တပ်မတော်ကို ပြန်စိစစ်နိုင်ငံရေးနှင့် စီးပွားရေးတွင် ပါဝင်သည့် တပ်မတော်၏ အခန်းကဏ္ဍအား ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရန်တပ်မတော်က တိုင်းပြည်စီးပွားရေးတွင် လွှမ်းမိုးထားခြင်းကို မဖယ်ရှားနိုင်သမျှ ကာလပတ်လုံး နိုင်ငံရေးအရ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နိုင်ရန်မှာ ခက်ခဲနေဦးမည် ဖြစ်သည်။

တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တစ်ရပ်အဖြစ် မပြောင်းလဲနိုင်ပါက နိုင်ငံတွင်း ဖြစ်ပွားနေသည့် ကြောက်မက်ဖွယ်ရာ ဆင်းရဲမွဲတေမှုနှင့် မတည်ငြိမ်မှုများမှာ အတောမသတ် ခြိမ်းခြောက်နေဦးမည်ပင် ဖြစ်သည်။

၂။ တရားရေးမဏ္ဍိုင်ကိုပြန်တည့် တရားဥပဒေစိုးမိုးမှု ခိုင်ခိုင်မာမှုရှိစေရန်နှင့် တရားစီရင်ရေးကဏ္ဍတိုးတက် ခိုင်မာလာစေရန် အစိုးရသစ်၏ ဖွဲ့စည်းပုံတွင် တရားစီရင်ရေးမှာ အားအနည်းဆုံးဖြစ်နေသည်။ ယင်းမှာ ဖွဲ့စည်းတည်ဆောက်ထားသည့် ပုံသဏ္ဍာန်၏ ပြဿနာ တစ်စိတ်တစ်ဒေသမျှသာ မဟုတ်ဘဲ၊ တရားစီရင်ရေး လုပ်ငန်းများအပေါ် စစ်အာဏာရှင် အဆက်ဆက်က ဆယ်စုနှစ်များစွာ အလွဲသုံးစားပြုခဲ့သည် အကျိုးရလဒ် ဖြစ်သည်။ ထိုအခြေအနေကြောင့်တရားရုးံ များတင်ွတရားဥပဒေ စိုးမိုးမှုရှိစေရန်၊ တရားမျှတစွာ စီရင်ဆောင်ရွက်ပေးသည်ဆိုသည့် အချက်အပေါ် လူအများလက်ခံရန်အတွက် အခက်တွေ့စေခဲ့သည်။

၃။ တစ်ဦးချင်းစီကိုဂရုစိုက် တိုင်းရင်းသားများ တန်းတူရေးအတွက် ထိရောက်သည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်
နိုင်ငံရေးအရ အသွင်ကူးပြောင်းရေး လမ်းစဉ်သည် တိုင်းရင်းသားများတန်းတူရေး ကြိုးပမ်းမှုအတွက် မလုံလောက်
သေးပါ။ ခက်ခဲသော်လည်း လက်တွေ့ကျသည့် နိုင်ငံရေး စီးပွားရေးအရ အာဏာခွဲဝေမှုများနှင့် အခြေခံဥပဒေအား
ဖြည်းဖြည်းချင်း ပြင်ဆင်ရေးဆွဲရန်တို့ လို

အပ်နေဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖက်ဒရယ်မူဝါဒအား မည်သို့ အဓိပ္ပယ်ဖွင့်ဆိုမည်နည်းဆိုသည့် လေးနက် သည့် ငြင်းခုံဆွေးနွေးမှုများ ဖြစ်ထွန်းလာရေး၊ တိုင်းနှင့် ပြည်နယ် အစိုးရများ အားကောင်းလာစေရန်နှင့် ပြည်ထောင်စုအဆင့်တွင် ဗဟိုချုပ်မှ ချုပ်ကိုင်သည့် အုပ်ချုပ်ခွင့်အာဏာများအား ဖြေလျှော့ပေးရန် ကြိုးစားခြင်းများ မှာ အရေးကြီးသည့် ခြေလှမ်းများ ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ခုရေတွင်းတူး ခုရေကြည်သောက်၍ ရသည့်ကိစ္စရပ် များ မဟုတ်ပေ။

၎။ တိုင်းရင်းသားအရေးအလေးပေး တိုင်းရင်းသားတန်းတူရေးအတွက် ထိရောက်သည့်လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် နိုင်ငံရေးအရ အသွင်ကူးပြောင်းရေး လမ်းစဉ်သည် တိုင်းရင်းသားတန်တူရေး ကြိုးပမ်းမှုအတွက် မလုံလောက်သေးပါ။ ခက်ခဲသော်လည်း လက်တွေ့ကျသည့် နိုင်ငံရေးစီပွားရေးအရ အာဏာခွဲဝေမှုများနှင့် အခြေခံဥပဒေအား ဖြည်းဖြည်းချင်းပြင်ဆင်ရေးဆွဲရန်တို့ လိုအပ်နေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖက်ဒရယ် မူဝါဒအား မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုမည်နည်းဆိုသည့် လေးနက်သည့် ငြင်းခုန်ဆွေးနွေးမှုများ ဖြစ်ထွန်းလာရေး၊ တိုင်းနှင့်ပြည်နယ် အစိုးရများ အားကောင်းလာစေရန်နှင့် ပြည်ထောင်စုအဆင့်တွင် ဗဟိုမှချုပ်ကိုင်သည့် အုပ်ချုပ်ခွင့် အာဏာများအား ဖြေလျှော့ပေးရန်း ကြိုးစားခြင်းများမှာ အရေးကြီးသည့်ခြေလှမ်းများ ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ခုရေတွင်းတူး ခုရေကြည်သောက်၍ရသည့် ကိစ္စရပ်များ မဟုတ်ပေ။

၅။ မတူတာတွေကိုသည်းခံ ဘာသာရေးနှင့်လူမှုရေး ကိစ္စရပ်များတွင် သည်းခံစိတ်မွေးနိုင်ရန် ဘာသာမတူသည့် လူအုပ်စုနှစ်ခုကြား အုပ်စုလိုက် အကြမ်းဖက်တိုက်ခိုက်ခြင်းမှာ ဒေသတွင်း ပြဿနာတစ်ရပ်မှသည် ကျယ်ပြန့်သည့် ပဋိပက္ခတစ်ခုအသွင်သို့ ကူးပြောင်းသွားစေရန် အခွင့်ကောင်းစောင့်နေသည့် တောကြောင်အုပ်စုများအတွက် ရေခံမြေခံကောင်း တစ်ခုပင် ဖြစ်သည်။ ရဲများအနေဖြင့် အုပ်စုလိုက် အကြမ်းဖက်မှုများအား ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ရန် စနစ်တကျစုဖွဲ့ လေ့ကျင့်ထားရမည် ဖြစ်သည်။

တစ်ချိန်တည်းတွင် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အစိုးရခေါင်းဆောင်များအနေဖြင့် လက်ရှိအခြေအနေသည် လက်ခံနိုင်ဖွယ်မရှိသည့်အပြင် ဘက်လိုက်မှုများလည်းရှိနေကြောင်း အလျင်အမြန် အသိမှတ်ပြုခြင်း၊ ပညာပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းများ ပြုလုပ်သင့်သည်။

ယခုဆောင်းပါးမှာ Asian Society ၏ “Sustaining Myanmar}s Transition: Ten Critical Challenges’’ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်သည်။

Asian Society သည် ကမ္ဘာလုံးဆိုင်ရာ အမြတ်မယူ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အာရှနှင့် အနောက်နိုင်ငံများ အကြား အနုပညာ၊ ပညာရေး၊ မူဝဒါဒရေးနှင့် စီးပွားရေးကဏ္ဍများ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ြကိုးပမ်းနေသည့် အဖွဲ့ဖြစ်သည်။ ဆောင်းပါးကို Asian Society ၏ အကြီးတန်း အကြံပေးလည်းဖြစ်သည့် ပရက်ဆီလာကလက်နှင့် ထိုအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာ စီမံကိန်း၏ ဒုဥက္ကဋ္ဌဖြစ်သော ဆူဇန်ဒမာဂျီယိုတို့ ပူးပေါင်းရေးသားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List