Thursday, June 27, 2013

Samsung နှင့် အကျိုးတူ ပူပေါင်း ဆောင်ရွက်ရန် Facebook မျှော်လင့်

Thursday, June 27, 2013

Facebook အမှုဆောင် အရာရှိချုပ် Mark Zuckerberg သည် ၎င်းတို့ကုမ္ပဏီ၏ မိုဘိုင်းကြော်ငြာ ရောင်းအားကို ပိုမိုမြှင့် တင်ပေးနိုင်မည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတစ်ရပ်ကို Samsung ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြုလုပ်ခဲ့ကြောင်း သိရသည်။ Mark Zuckerberg ၏ အာရှခရီးစဉ်တွင် Samsung ဥက္ကဋ္ဌဖြစ်သူ Shin Jong Kyun နှင့် တွေ့ဆုံခဲ့ပြီး ပဏာမ အကျိုးတူပူးပေါင်းမှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်။ အဆိုပါ အကျိုးတူပူးပေါင်းမှုကို မိုဘိုင်းကြော်ငြာရောင်းအား ပိုမိုကောင်းမွန်လာရန် အဓိက ပြုလုပ်မည်ဖြစ်ကြောင်း Shin က ဆွေးနွေးပွဲအပြီးတွင် သတင်းဌာနများသိုပ ပြောကြားခဲ့သည်။

Facebook အနေဖြင့် မိုဘိုင်းေ ကြာ်ငြာ ရောင်း အားကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားလျက်ရှိပြီး ဧပြီလာကလည်း Android စမတ်ဖုန်းများအတွက် Facebook Home app ကို ဖြန့်ချိပေးခဲ့သည်။ အင်တာနက်ကို မိုဘိုင်းပေါ် မှာ တစ်ဆင့်တွင် ကျယ်စွာသုံးလာနေသည့် ယနေ့ခေတ်တွင် Facebook ကုမ္ပဏီကလည်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီ Samsung နှင့် အကျိုးတူပူးပေါင်း လိုခြင်းဖြစ်ေ ကြာင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းဌာနတစ်ခုသို့ ပြောကြားခဲ့သည်။

Mark Zuckerberg ၏ အာရှခရီးစဉ်တွင် Shin အပြင် တောင်ကိုရီးယား သမ္မတ Park Geun Hye နှင့် လည်းတွေ့ဆုံခဲ့ပြီး Creative Economy အမြင်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟေမာ

No comments:

Post a Comment

My Blog List