Friday, June 28, 2013

သုဝဏ္ဏဘူမိမြို့ဟောင်း မိုးကုန်လျှင် စတင်တူးဖော်မည်

Friday, June 28, 2013

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် သုဝဏ္ဏဘူမိစာ တမ်းဖတ်ပွဲနှင့် အလုပ်ရုံ
ဆွေးနွေးပွဲ၏ရလဒ် အရသုဝဏ္ဏဘူမိမြို့ဟောင်း နေရာသတ်မှတ် လိုက်ပြီဖြစ်သဖြင့် တူးဖော်မှုကို မိုးကုန်လျှင် စမည်ဟု ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ဇွန် ၂၅ ရက် နှင့် ၂၆ ရက်တွင် ကျင်းခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲက သုဝဏ္ဏဘူမိ မြို့ဟောင်းသည် ဝင်ကနှင့် သထုံဟု သတ် မှတ်လိုက်ပြီး မြို့ရိုးဟောင်း အခိုင်အမာရှိ/ မရှိကို ပထမဦးစားပေးအနေဖြင့် စတင်လုပ်
ဆောင်သွားမည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ဦးကျော်ဦးလွင်က တူးဖော်ရေး လုပ်ငန်းများမလုပ်မီ ''ကွင်းဆင်း လေ့လာရေးတွေ Survey (တိုင်းတာစစ်
ဆေးမှု) တွေ မြေပုံထုတ်တဲ့ လုပ်ငန်းတွေ အချက်အလက် စုဆောင်းတဲ့ လုပ်ငန်းတွေ ဒါကို ကျွန်တော်တို့ လုပ်ဆောင်သွားမယ်'' ဟုလည်း ဆက်ပြောသည်။

သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ၏ မြို့ဟောင်းနေရာ သတ်မှတ်ထားချက်သည် ရှေးဟောင်း
သမိုင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၏ လျာထားသည့်နေရာနှင့် ဆင်တူမှုရှိ သည်ဟုလည်း သူက ပြောသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းနေရာကို အမျိုးမျိုးပြောဆိုနေကြသော်လည်းကွင်းဆင်းလေ့လာမှု၊ သုတေသနပြုမှုများ အရ ထိုမြို့ဟောင်း သည် သထုံတစ်ဝိုက်တွင်ရှိသည်ဟု ပြောနိုင်ကြောင်း မွန်ပြည်နယ်အထွေထွေ အုပ်ချုပ်
ရေးဦးစီးဌာနမှ အငြိမ်းစားလက်ထောက် ညွှန်မှူး နိုင်ကျင်ဖေက ပြောသည်။

ရှေးဟောင်းသုတေသန လုပ်ငန်းစဉ်အနေဖြင့် မြို့ဟောင်းတစ်ခုကို တူးဖော်ရာတွင် ချက်ချင်းလုပ်၍မရဘဲ အချိန်ယူရကြောင်း ဦးကျော်ဦးလွင်က ဆိုသည်။

၎င်းက ''သရေခေတ္တရာ၊ တကောင်း၊ ဟန်လင်းတို့လည်း ဒီလိုပဲ နှစ်ပေါင်းများစွာ ကြာအောင် တစ်နှစ်ကို
နှစ်ကြိမ် သုံးကြိမ် ဒီလိုပဲ တူးရတယ်။ တစ်နှစ်ထဲမှာ ဒီမြို့ဟောင်း ကို ဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး'' ဟု ဆိုသည်။

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်သည့် အခါတွင်လည်း ဒေသခံတို့ လူနေအိမ်အောက်သို့ ရောက်ရှိနေသည့် မြို့ဟောင်းနေရာများ တူးဖော်မည်မဟုတ်ဘဲ မှတ်တမ်းအနေဖြင့်သာ ထားရှိသွားမည်ဖြစ်သည်။

No comments:

Post a Comment

My Blog List