Thursday, June 27, 2013
တောင်အာဖရိကနိုင်ငံမှာ ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသခံ
နေရတဲ့ သမ္မတဟောင်း နိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား ရဲ့ လက်ရှိအခြေ
အနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် တစုံတရာ ရှိမနေတဲ့အတွက် သူတက်ရောက်နေတဲ့ ပရက်တိုးရီးယားက ဆေးရုံအနီးမှာ သတင်းသိချင်သူ အများအပြား စုဝေးစောင့်ဆိုင်းနေကြပါတယ်။ကျန်းမာရေးအခြေအနေ စိုးရိမ်စရာဖြစ်နေတဲ့ အသက် ၉၄ နှစ်အရွယ် မင်ဒဲလားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်မရှိတဲ့
အတွက် အာဖရိကတစ်လွှားက သတင်းထောက်တွေနဲ့ နိုင်ငံတကာ
သတင်းထောက်တွေကလည်း နောက်ဆုံးသတင်းရဖို့အတွက် ဆေးရုံအပြင်မှာ အသင့် စောင့်ဆိုင်းနေကြပါတယ်။
သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အရှေ့ကိပ်ဒေသက ရပ်မိရပ်ဖတွေကလည်း စိုးရိမ်မိကြတဲ့အကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။ ဆေးရုံ
အပြင်ဖက် အဝင်ဝနားမှာတော့ မူကြိုကလေးတွေနဲ့ ဆရာဆရာမတွေက အာဖရိကနိုင်ငံတော်သီချင်းနဲ့ သူ့ရဲ့နာမည်ကို အကြိမ်ကြိမ်ရွတ်ဆို နေကြ ပါတယ်။
ကိပ်တောင်းမြို့က ဂိုဏ်းချုပ်ဘုန်းတော်ကြီး မက်ဂိုဘာကလည်း မင်ဒဲလားရဲ့ ဇနီးနဲ့ မိသားစုတွေအတွက် ဆုတောင်းပေးခဲ့ပါတယ်။ တောင်အာဖရိက
နိုင်ငံမှာ မာဒီဘာလို့ တလေးတစားနဲ့ မြတ်မြတ် နိုးနိုးခေါ်ကြတဲ့ မင်ဒဲလား
ပြန်လည်ကျန်းမာလာဖို့ မျှော်လင့်နေကြပေမယ့်လည်း မင်ဒဲလားကွယ်လွန်
တော့မယ်လို့ ယူဆထားကြသူတွေ များနေတယ်လို့လည်း သိရပါတယ်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago
No comments:
Post a Comment