Thursday, May 10, 2012

NLD ပါတီဗဟိုက ထောက်ပံ့ကုညီငွေများ ပေးပို့ဖို့ စီစဉ်နေ


          ၂၀၁၂ခုနှစ်၊ မေလ (၁၁) ရက်နေ့မှာ NLD ပါတီအဖွဲ့ချုပ်ရုံးရဲ့ ဗဟို သဘာပတိအဖွဲ့ဝင်ဖြစ်တဲ့ ဦးတင်ဦး၊ ပါဝင်တဲ့ CEC အဖွဲ့နဲ့ အတွင်းရေးမှူးတွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ဖို့ရှိပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ပြည်နယ်၊ တိုင်းအသီးသီးမှာရှိတဲ့ NLD ပါတီစည်းရုံးရေးတာဝန်ခံတွေကို ခေါ်ပြီး NLD ပါတီရဲ့ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ ဗဟိုနာယကကြီး ဦးတင်ဦးရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်/တိုင်း တစ်တိုင်း၊ တစ်ပြည်နယ်ကို ထောက်ပံ့ကူညီငွေ အနည်းဆုံး ကျပ်သိန်း(၃၀)ပေးပို့သွားမယ်၊ မန္တလေးတိုင်း က ဒေါ်မြမြ၀င်းကိုလည်း သိန်း(၄၀) ပေးပို့လှူဒါန်းထားပြီးဖြစ်တယ်၊ ကျန်ရှိနေတဲ့ ပြည်နယ်၊တိုင်းတွေကိုလည်း ဆက်လက် ထောက်ပံ့ကူညီငွေတွေ ပေးပို့သွားဖို့ ဦးတင်ဦးက လမ်းညွှန်ထားတယ်လို့သိရပါတယ်။ အဲဒီ ကိစ္စပေါ်မူတည်ပြီးတော့ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ဝင်တွေကိုခေါ်ပြီး ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်တဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၇)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အကြို အဖြစ်နဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။


No comments:

Post a Comment

My Blog List