Thursday, May 10, 2012

ဗဟန်း NLD ဥက္ကဌက ၂၀၁၅ ခုနှစ်ပါတီစုံရွေးကောက်ပွဲ အတွက် စည်းရုံးရေး လုပ်ငန်းစဉ်တွေ အရှိန်မြှင့်ဖို့ စီစဉ်




          ဗဟန်းမြို့နယ် NLD ပါတီဥက္ကဌ ဖျာပုံနီလုံဦးက ပါတီစည်းရုံးရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန် မြှင့်ဆောင်ရွက်မယ့် အခြေအနေနဲ့ ပတ်သတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ NLD ပါတီရဲ့ ၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲမှာ ထပ်မံပြီးတော့ မဲဆန္ဒနယ်(၉၉)ရာခိုင်နှုန်းစလုံးကို အနိုင်ရပြီး အစိုးရအဖွဲ့ဖွဲ့နိုင်တဲ့အထိ ရည်မှန်းပြီးတော့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ရပ်ကွက်အသီးသီးတွေမှာ အိမ်ခြေ (၁၀၀) ကို ဆိုင်းဘုတ်တစ်ခု၊ ရုံးခန်းတစ်ခန်း ဖွင့်လှစ်စည်းရုံးနိုင်ရေး ကိုစီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မကုန်မီအပြီး ဖွဲ့စည်းနိုင်ဖို့နဲ့၊ အသက် (၁၈) နှစ်ပြည့်ပြီးသူ (၁၀၀)မှာ ပါတီဝင်အင်အား (၆၀) ဖြစ်လာနိုင်ရေး၊ အသက် (၁၅) နှစ်နဲ့ (၁၈)နှစ်ပြည့်ပြီးသူ (၁၀၀) ဦးမှာ ပါတီထောက်ခံသူ (၅၀)ဖြစ်ရေး၊ ပါတီရဲ့ ဗဟိုဦးစီး အဖွဲ့ဝင် တွေထဲက ခေါင်းဆောင်(၅)ဦးစီပါဝင်တဲ့ လူငယ်အမျိုးသမီး အဖွဲ့ဝင် စုစုပေါင်း(၁၀)ဦး (ဒါမှမဟုတ်) (၁၅) ဦး ပါဝင်တဲ့အဖွဲ့ (၁၅) ဖွဲ့ကို တာဝန်ပေးပြီးတော့ နယ်လှည့်စည်းရုံးသွားဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။ စည်းရုံးရေးလုပ်ငန်း တွေကို မကြာခင် ဆောင်ရွက်နိုင်ရေးနဲ့ အစိုးရအနေနဲ့ အပြောင်းအလဲကို ရိုးသားလွတ်လပ်စွာ ပုံဖော်ခွင့်ပြုမယ်ဆိုရင် ၂၀၁၅ခုနှစ်မှာ NLD က မဲဆန္ဒနယ် (၉၉)ရာခိုင်နှုန်းအနိုင်ရရှိဖို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့တယ်လို့ ဗဟန်းမြို့နယ် NLD ပါတီဝင်တစ်ဦးထံကနေ သိရပါတယ်။

No comments:

Post a Comment

My Blog List