Thursday, May 10, 2012

NLD ပါတီ ပညာရေးကွန်ယက်က အမေ့အိမ်ပညာဒါနကျောင်းသို့ ရန်ပုံငွေပေးအပ်ရေးဆွေးနွေး



၂၀၁၂ခုနှစ်၊ မေလ(၉)ရက်နေ့ နေ့လည်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က NLD အဖွဲ့ချုပ်ရုံးမှာ NLDပါတီ မြို့နယ်အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ အမေ့အိမ်ပညာဒါနကျောင်း (၂၅) ကျောင်းကို ရန်ပုံငွေအလှူများပေးအပ်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို NLD ပါတီနာယက ဦးတင်ဝင်း၊ ဦးဝင်တင်၊ ဗဟိုအလုပ်မှုဆောင်ဦးအုန်းကြိုင်တို့ အပါအ၀င် ပညာရေး ကွန်ယက်က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။
          ဆွေးနွေးပွဲမှာ NLDပါတီပညာရေး ကွန်ယက်က အမေ့အိမ်ပညာဒါနကျောင်း (၂၅)ကျောင်းကို ထောက်ပံ့ငွေသိန်း (၁၀၀)နဲ့ ဗလာစာအုပ်၊ စာရေးကိရိယာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ ပညာဒါနကျောင်း (၂၅)ကျောင်းမှာရှိတဲ့ ကျောင်းသားဦးရေအလိုက် (က/ခ/ဂ) ဆိုပြီးအုပ်စုသုံးစုခွဲမှာဖြစ်ပါတယ်။ (က)အုပ်စုကိုကျပ်(၆)သိန်း၊ (ခ)အုပ်စုကိုကျပ်(၄)သိန်း နဲ့ (ဂ)အုပ်စုကိုကျပ်(၂)သိန်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။ စေတနာ့ဝန်ထမ်း လုပ်အားပေးဆရာ၊ ဆရာမတွေနဲ့ ကူညီလုပ်အားပေးဆောင်ရွက်မဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်အားလုံးမှာလည်း အမေ့အိမ်ပညာဒါနကျောင်းတွေဖွင့်လှစ်နိုင်ရေးနဲ့၊ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာသင်တန်းတွေ ဖွင့်လှစ်ရေးကိစ္စတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ အမေ့အိမ်ပညာဒါနကျောင်းက သင်ကြားသူတွေဟာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်ရေးကို ဦးစားပေးသင်ကြားမှာ ဖြစ်တယ်လို့ပညာရေးကွန်ယက်တွင်ပါဝင်သူ တစ်ယောက်ကနေ သိရှိရပါတယ်။­

No comments:

Post a Comment

My Blog List