Wednesday, May 09, 2012

ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ရဲ့ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မသန်စွမ်းသူများအား ပစ္စည်းများထောက်ပံ့လှူဒါန်း




မေလ(၈)ရက်နေ့ မနက်ပိုင်းမှာ လမ်းမတော်မြို့နယ်မှာရှိတဲ့ ကုန်သည်များနှင့် စက်မှုလုပ်ငန်း   ရှင်များအသင်း ရုံးခန်းမမှာ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)ရဲ့ စတုတ္ထအကြိမ်နှစ်ပတ်လည် အထိမ်း အမှတ်အဖြစ် မသန်စွမ်းသူ ညီအစ်ကိုမောင်နှမများကို ထောက်ပံ့ငွေပေးအပ်ပွဲ၊
အထောက်အကူပြု ကိရိယာများ ပေးအပ်ပွဲနဲ့ အခမဲ့ကွန်ပျူတာသင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်တဲ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး  လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးအေးထွန်းအောင်၊ မြန်မာနိုင်ငံကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးဇော်မင်းဝင်း၊ (မြန်မာ)ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်း၊ နာယက ဒေါ်အောင်ဆန်းစုကြည်၊ (၈၈)မျိုးဆက်အဖွဲ့က မင်းကိုနိုင်၊ဌေးကြွယ်၊ NHK သတင်းဌာနက ခင်မိုမိုမြင့်နဲ့ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တွေအပါအ၀င် (၉၀၀)ဦးလောက် တက်ရောက်ခဲ့တယ် လို့ သိရှိရပါတယ်။
အဲဒီအခမ်းအနားကို အစီအစဉ်(၁၆)ခုနဲ့ ဆောင်ရွက်ခဲ့ပြီးတော့ ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဌ ဦးမြတ်သူဝင်းက အမှာစကားပြောကြားခဲ့ပြီး သီတဂူဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က မသန်စွမ်းသူတွေကို ကူညီထောက်ပံ့ခြင်းနဲ့ ပတ်သတ်ပြီးတော့ ပြောကြားခဲ့ကြပါတယ်။ အဲဒီနောက်မှာ ရွှေမင်းသားဖောင်ဒေးရှင်းက မသန်စွမ်းသူတွေကို လက်တွန်းလှည်း(၃၀)စီး၊ စတီးချိုင့်ဒေါက် အစုံ (၅၀)တို့ကို လှူဒါန်းခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ အတွင်းမှာ ဖြန့်ဝေဖို့နဲ့ မော်တော်ယာဉ်တွေမှာ ကပ်နိုင်ဖို့ မြန်မာပြည်အနာဂတ်လှပစေရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အလေး အနက် ထောက်ခံပါသည်  စာတမ်းပါစတစ်ကာတွေကို ဖြန့်ဝေခဲ့ကြတယ်။ နေ့လည်ပိုင်းမှာတော့ ဒဂုံမြို့နယ် NLD ရုံးခန်း ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ တာမွေရုံးခန်းဖွင့်ပွဲကို တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List