Saturday, May 12, 2012

ပုစွန်တောင်မြို့နယ်ကNLD ရုံးခန်းဖွင့်ပွဲဒေါ်စုကြည်တက်ရောက်

 
၂၀၁၂ခုနှစ်၊မေလ(၁၁)ရက်နေ့ညနေပိုင်းမှာပုဇွန်တောင်မှာရှိတဲ့NLDဒုဥက္ကဌဦးမြင့်နေအိမ်မှာပုဇွန်တောင်မြို့နယ်၊NLDရုံးခန်းဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီရုံးဖွင့်ပွဲကို
NLDကဥက္ကဌဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ဦးဥာဏ်ဝင်းတို့ရောက်ရှိခဲ့ပြီးမြို့နယ်NLDပါတီဝင်တွေနဲ့ပါတီလိုလားသူပြည်သူ(၁၅၀၀)လောက်တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုသဘာပတိအဖြစ်ဦးစောနိုင်းနိုင်း၊အခမ်းအနားမှူးကိုဦးခင်မောင်ဝင်းတို့ကပြုလုပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
          အခမ်းအနားမှာဦးတင်ဦးကမိန့်ခွန်းပြောကြားရာမှာNLDအဖွဲ့ချုပ်အနေနဲ့ဒေါ်စုကြည်ကလိုလားတဲ့လူငယ်/အမျိုးသမီး၊အသိပညာရှင်၊အတတ်ပညာရှင်အားလုံးအင်အားအစစ်အမှန်ရရှိရေးအတွက်အောက်ခြေကစပြီးတော့ဒီမိုကရေစီကျကျပြန်လည်ဖွဲ့စည်းမှာဖြစ်ကြောင်း။လူသစ်၊လူဟောင်းနေရာလုနေတာတွေလည်းရှိကြောင်း၊အရင်ကလိုအောက်ခြေအထိကိုတိုက်ရိုက်ချုပ်ကိုင်မှာမဟုတ်ဘဲအဆင့်ဆင့်ဒီမိုကရေစီအရပဲရွေးချယ်မှာဖြစ်ကြောင်း၊အခြေခံအင်အားခိုင်မာဖို့ကိုဝိုင်းဝန်းပြီးတော့လုပ်ကိုင်ဖို့လိုကြောင်းကြားဖြတ်ရွေးကောက်ပွဲမှာနိုင်ခဲ့ပေမဲ့လာမယ့်၂၀၁၅ရွေးကောက်ပွဲမှာအင်အားကြီးပြိုင်ဆိုင်မှုတွေရှိလာနိုင်တဲ့အတွက်ကြိုးစားမှရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ပြည်ပမီဒီယာတွေကမေလ(၁၀)ရက်နေ့ကဒေါ်စုကြည်ကိုလုံခြုံရေးယူရတဲ့အဖွဲ့ထဲကလူတစ်ယောက်ကိုကိုယ်ထိလက်ရောက်ပြုလုပ်သွားကြောင်းနဲ့ဒေါ်စုကြည်ရဲ့လုံခြုံရေးဟာလည်းအသက်မကအရေးကြီးကြောင်း၊အစွန်းနှစ်ဖက်ကြားမှာပြေလည်အောင်လုပ်ရင်လုပ်နိုင်ကြောင်းအကျယ်တ၀င့်ပြောကြားသွားတယ်လို့သိရပါတယ်။
          အဲဒီနောက်မှာဒေါ်အောင်ဆန်းစုကြည်ကရန်ကုန်တိုင်းတွင်းမှာမြို့နယ်NLDရုံးတွေဖွင့်လှစ်လျက်ရှိရာမှာ(၁)ပတ်(၂)ပတ်အတွင်းမှာအရှိန်အဟုန်နဲ့ဆောင်ရွက်လျက်ရှိရာမှာပြည်သူနဲ့နီးကပ်အောင်လုပ်ဆောင်ဖို့ဦးတည်ကြောင်း၊ထောက်ခံခြင်း/မထောက်ခံခြင်းဆိုတာလည်းပြည်သူတွေရဲ့စိတ်ဆုံးဖြတ်ချက်ကိုသာလိုလားကြောင်း၊လူထုရဲ့သြဇာလွှမ်းမိုးခြင်းကိုလိုလားကြောင်း၊အဓိကပြည်သူတွေပါဝင်လာဖို့လိုကြောင်း၊အလုပ်သမားသမ္မဂတည်ထောင်ခြင်းဟာလည်းပါတီမဟုတ်ကြောင်း၊အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေကိုဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ပါတီနိုင်ငံရေးလုပ်ရင်းနဲ့အမျိုးသားနိုင်ငံရေးကိုလုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ပါတီအတွင်းမှာလည်းထိုက်တန်တဲ့လူကိုတိတိကျကျရွေးချယ်သွားမှာဖြစ်ကြောင်း၊ပြည်သူတွေနဲ့ပွင့်ပွင့်လင်းလင်းဆက်ဆံပြီးပြည်သူတွေအနေနဲ့ကိုယ်လိုချင်တဲ့အခွင့်အရေးကိုကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ဖို့တို့ကိုပြောကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့တယ်လို့သိရပါတယ်။

No comments:

Post a Comment

My Blog List