Friday, May 11, 2012

ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ နိုင်ငံရေးမိသားစုအတွင်း ထူးချွန်သူလူငယ်များ နိုင်ငံခြားပညာတော်သင်စေလွှတ်မည်ဖြစ်

 

          NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ မြန်မာပြည် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့(၁၀)တန်းအောင်၊တက္ကသိုလ်တက်ရောက်ဆဲ(ဒါမှမဟုတ်)ဘွဲ့ရစတဲ့ကျောင်းသားလူငယ်တွေထဲက ထူးချွန်ထက်မြက်တဲ့သူ၊
မြန်မာ့အရေး စိတ်ဝင်စားတဲ့သူများကို အထူးသဖြင့် နိုင်ငံရေးမိသားစုတွေထဲက အဓိကထားပြီးတော့ လူငယ် (၁၅)ဦးလောက်ကို မေလ(၁၅)ရက်နေ့ကစတင်ပြီးတော့တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာရှိတဲ့NLD  ခေါင်းဆောင်တွေ ဆီကနေချိတ်ဆက်စုစည်းပြီးစီစစ်ရွေးချယ်သွားဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
          ဒီလိုထက်မြက်တဲ့ လူငယ်(၁၅)ဦးကို ပထမအသုတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကို စေလွှတ်ပြီးတော့ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး အပါအ၀င် အနာဂတ်မှာ တိုင်းပြည်ကိုထူးချွန်ကောင်းမွန်စွာနဲ့အုပ်ချုပ်နိုင်ဖို့ရည်ရွယ်ပြီးဘာသာရပ်ပညာတွေကိုသင်ယူဖို့ အဓိကထားစေလွှတ်မှာဖြစ်တယ်လို့သိရပါတယ်။ဒီအစီအစဉ်နဲ့ပတ်သတ်လို့အမေရိကန်နိုင်ငံမှာရှိတဲ့လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့ကြီးတစ်ခုကစိုက်ထုတ်ကုန်ကျခံပေးသွားမှာဖြစ်တယ်လို့လည်းပါတီဝင်တစ်ဦးကနေသိရှိရပါတယ်။

No comments:

Post a Comment

My Blog List