Friday, May 11, 2012

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ပွင့်လင်းအဖွဲ့အစည်းဆိုင်ရာခရီးစဉ် ဧရာဝတီနှင့်တနင်္သာရီတိုင်း သို့ သွားမည်

 
(၈၈)မျိုးဆက်ကျောင်းသားတွေရဲ့ပွင့်လင်းလူ့အဖွဲ့အစည်းဆိုင်ရာခရီးစဉ်အနေနဲ့၂၀၁၂ခုနှစ်ေ၊မလ(၁၂)ရက်နေ့ကနေပြီး (၁၃)ရက်နေ့အထိပထမခရီးစဉ်အနေနဲ့ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ကိုသွားရောက်မှာဖြစ်ပါတယ်။ဒုတိယခရီးစဉ် အနေနဲ့မေလ(၁၅)ရက်နေ့ကစပြီး(၂၀)ရက်နေ့အထိတနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့တို့ကိုသွားရောက်မှာ ဖြစ်တယ်လို့သိရပါတယ်။

 ပထမခရီးစဉ်မှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ နီလာသိန်း၊ ထွန်းမြင့်အောင်၊ မီးမီး၊ သက်သက်အောင်၊မာကီးတို့လိုက်ပါမှာဖြစ်ပြီးဒေသခံပွင့်လင်းလူ့အဖွဲ့အစည်းကအဖွဲ့ဝင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွား မှာ ဖြစ်တယ်လို့သိရပါတယ်။
          ဒုတိယခရီးစဉ်အနေနဲ့ တနင်္သရီတိုင်းဒေသကြီး ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် လယ်ယာမြေရွှေ့ပြောင်းခံရတဲ့ ကိစ္စရပ်တွေ နဲ့ အဲဒီစီမံကိန်းမှာ လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေကို အဓိကထားဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

Post a Comment

My Blog List