Friday, May 11, 2012

တောင်ကိုရီးယား သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်


 
          ၂၀၁၂ခုနှစ်၊ မေလ(၁၂) ရက်နေ့မှာမြန်မာနိုင်ငံကိုလာရောက်မယ့် တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြှောင်ဘတ်ရဲ့ (၂) ရက်ကြာခရီးစဉ်မှာ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ေ နအိမ်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့သိရပါတယ်။

          အဲဒီဆွေးနွေးပွဲကို ရန်ကုန်အခြေစိုက် AP သတင်းဌာန၊ AFP သတင်းဌာနနဲ့ ရိုက်တာ သတင်းဌာန တွေအပြင် ပြည်တွင်းသတင်းဂျာနယ်တွေ ဖြစ်တဲ့ Weekly Eleven, Yangon Times, Myanmar Times, Monitor, Messenger စတဲ့ ဂျာနယ်တွေရဲ့သတင်းထောာက်တွေ၊ BBC, VOA, RFA, DVB က သတင်း ထောက်တွေကို ၀င်ခွင့်ပေးသွားမှာ ဖြစ်ပြီးတော့ အဲဒီလိုဝင်ခွင့်ရရှိဖို့အတွက် သတင်းထောက်တွေရဲ့ ကင်မရာတွေ၊ အသံဖမ်းစက် တွေကို NLD ပါတီအဖွဲ့ချုပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ယနေ့မှာ(၁)ရက်ကြိုတင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

No comments:

Post a Comment

My Blog List