Thursday, May 10, 2012

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဆွေးနွေးပွဲပြုလုပ်

 
၂၀၁၂ခုနှစ်၊မေလ(၉)ရက်နေ့လယ်မှာမရမ်းကုန်းမြို့နယ်၊ပေါက်စေတီကျောင်းတိုက်(ရှစ်မိုင် Jaunction8)စင်တာအနီးမှာနိုင်ငံရေးအကျဉ်းသားဟောင်းတွေတွေ့ဆုံပြီးနိုင်ငံတည်ဆောက်ရေးဏ္ဍမှာ NLDပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုဝန်ရံထောက်ခံပြီးပူးပေါင်းဆောင်ရွက်ဖို့အတွက်ဆွေးနွေးသွားတယ် လို့သိရှိရပါသည်။

ဆွေးနွေးပွဲကိုကိုကိုကြီး(စမ်းချောင်း)၊ဇော်ထက်ကို၊ဇော်ရဲဝင်း၊ကျော်ကျော်ထွေး၊ထွန်းကြည်၊ရဲမင်းဦး၊ သန်းသန်းမော်၊တင်တင်ချို၊နှင်းနှင်းဖွေး၊ကြည်သာထွန်း၊ကျော်အောင်၊မင်းဟန်၊စိုးထွန်း၊ဆန်နီ၊ကြည်လွင်၊ သက်ဦးတို့တတ်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာနိုင်ငံရေးအကျဉ်းသားဟောင်းများဟာနိုင်ငံရေးပါတီများထဲသို့ ၀င်ရောက်မှာမဟုတ်ဘဲလူထုအခြေပြုအဖွဲ့အစည်းအဖြစ်ရပ်တည်မှာဖြစ်တယ်လို့သိရပါတယ်။(၈၈)မျိုးဆက်ေ ကျာင်းသားများနဲ့ပူပေါင်းပြီးပွင့်လင်းလူအဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာဖို့အတွက်ကြိုးစားဆောင်ရွက်မယ်လို့ သိရပါတယ်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာယခင်ကလိုတိုက်ပွဲအသွင်သဏ္ဍန်မဟုတ်တော့ဘူး၊စေ့စပ်ညှိနှိုင်းဖြေရှင်းသည့် ပုံစံကိုပြောင်းလဲလာပြီး၊ဒေါ်အောင်ဆန်းစုကြည်နှင့်လွှတ်တော်အတွင်းမှာရှိတဲ့နိုင်ငံရေးအင်းအားစုများ၊လွှတ်ေ
တ်ာပြင်ပရှိတဲ့နိုင်ငံရေးအင်းအားစုများကိုကူညီပံ့ပိုးရမည့်အချိန်ဖြစ်လို့(၈၈)မျိုးဆက်ကျောင်းသားများနှင့်ပူးပေါင်းပြီး
လွှတ်တော်ပြင်ပကရပ်တည်ဆောင်ရွက်သွားမှာမယ်ဆိုတာကိုဆွေးနွေးသွားတယ်လို့သိရပါတယ်။

No comments:

Post a Comment

My Blog List