Saturday, February 22, 2014

နိုင်ငံတော် သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ

အမျိုးသားအဆင့် စီးပွားရေးလုပ်ငန်းများ အကောင်ထည်ဖော်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲများ အားသိရှိစေရန်အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် စီးပွားရေးလုပ်ငန်း ရှင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေဆုံခဲ့ကြသည်။

အဆိုပါပွဲတွင် စီးပွားရေးလုပ်ငန်းရှင် ၄၀၀ ကျော်တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အချိန်အခက်အခဲကြောင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလျှင် ၅ မိနစ်ခန့် ဖြင့် ဆွေးနွေးခွင့် ၁၀ ဦးရရှိခဲ့ပြီး ဦးမြတ်သင်းအောင်က စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခဲ့သည်။ 

ယင်းနောက် ဦးရန်ဝင်း က ခရီးသွားလုပ်ငန်း၊ ဦးချစ်ခိုင်က ဆန်စပါး၊ ဦးသာဌေးက ဆောက်လုပ်ရေး၊ ဦးမြင့်စိုးက အထည်ချုပ်၊ ဦးဝင်းကြိုင်က ငါးလုပ်ငန်း၊ ဦးမြဟန်က မွေးမြူရေး၊ ဦးတေဇက ကျောက်မြတ်လုပ်ငန်းများ၊ ဒေါက်တာစိန်မောင်တင်က ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြကြသည်။

နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်    မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင်ဦးတေဇ၊ ဦဇော်ဇော်အပါဝင် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြသည်။

နှင်းနွယ်
The Myanma Age 

No comments:

Post a Comment

My Blog List