Saturday, February 22, 2014

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းတွင် ဖုန်းရောင်းအားကျဆင်း


နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့နေသော ထိုင်းနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်ရောင်း အားမှာ ရာခိုင်နှုန်း ၃ဝ အထိ ကျဆင်း သွားခဲ့ကြောင်း သိရသည်။နိုင်ငံရေး မတည်ငြိမ်မှုကို ထိန်းချုပ် နိုင်ခြင်းမရှိပါက နိုင်ငံအတွင်းရှိ မိုဘိုင်းလ် အရောင်းဆိုင် ၁ဝဝ နီးပါး ပိတ်ပစ်ဖွယ်ရှိ နေကြောင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ကြီးတစ်ခုမှ မန်နေဂျင်းဒါရိုက်တာက နိုင်ငံရေးအရှုပ်အထွေး များကြောင့် ထိုကဲ့သို့ မိုဘိုင်းလ်စမတ်ဖုန်း ရောင်းအားကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

လွန်ခဲ့သော ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဆန္ဒပြအကြမ်းဖက်ခဲ့ သော ဒေသများတွင် မိုဘိုင်းလ်စမတ်ဖုန်းများ ရောင်းအားမှာ ရာခိုင်နှုန်း ၄ဝ အထိ ကျဆင်းသွားခဲ့ကြောင်း မန်နေဂျင်းဒါရိုက်တာ က ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ဖုန်းထုတ်လုပ် ရောင်း ချသူများသည် စမတ်ဖုန်းရောင်းအား ကျ ဆင်းနေသော ကာလအတွင်း ¤င်းတို့၏ မိုဘိုင်းလ်စမတ်ဖုန်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသွားမည်ဟု ဘန်ကောက် ပို့စ်သတင်းဌာနမှ ရေးသားဖော်ပြထားခဲ့ ကြောင်း သိရသည်။

Ref: Straits times
Yangon Media Group

No comments:

Post a Comment

My Blog List