Friday, February 21, 2014

ပညာရေးစနစ်ပြုပြင်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး




မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကိုယ်စားလှယ် တွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာချမ်းငြိမ်းနဲ့ အခြားတာဝန်ရှိသူတွေကို မနေ့နေ့ လည် ၂ နာရီကနေ ၄ နာရီထိ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က၊ လက်ရှိရေးဆွဲနေတဲ့ ပညာရေးမူဝါသစ်မှာ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ဆီလျော်တဲ့ မူဝါဒတွေပါဝင်အောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက သူတို့ရေးဆွဲနေတဲ့ မူဝါဒတွေထဲမှာ NNER ပညာရေးကွန်ရက်က ရေးဆွဲထားတဲ့မူဝါဒတွေကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း ပြောဆိုတယ်လို့  ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဗသက်အောင်က RFA ကိုပြောပါတယ်။

"ပညာရေးမြှင့်တင်မှု ကော်မတီကနေပြီးတော့ အခုလို NNER ပြုလုပ်နေတဲ့ဟာတွေကိုလည်း သူတို့ အသိအမှတ်ပြုတယ်ပေါ့ဗျာ၊ နောင်ကိုလည်း အဲလိုမျိုးဝိုင်းဝန်းပြီး ပူးပေါင်းပြီးတော့လုပ်ဆောင်ဖို့ အကြံဥာဏ်ပေးတာမျိုးတွေပါ ကျနော်တို့ကို လွတ်လွတ်လပ်လပ် ပေးခွင့်ရှိပါတယ် ဆိုတဲ့အကြောင်းပြော တယ်၊ သူတို့လည်း ပညာရေးမူဝါဒတွေကို လက်ရှိ ဗဟိုချုပ်ကိုင်မှုတွေကို တတ်နိုင်သမျှလျော့ချပြီး ရေးဆွဲ ထားတယ်ဆိုတာကိုလည်း ပြောတယ်၊ နောက်ပြီးတော့ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွေပါ လုပ်လို့ရှိရင်လည်း သူတို့ကိုယ်တိုင်ပူးပေါင်းပြီး ဆောင်ရွက်ပေးမယ်လို့ပြောတယ်"

ဒါ့အပြင် NNER က ကြီးမှူးကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကလည်း ပူးပေါင်းပါဝင်မယ့်အကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ်နဲ့  အခြားကျောင်းသားသမဂ္ဂတွေက ပါဝင်ဖွဲ့ စည်းထားတဲ့ NNER ကိုယ်စားလှယ် စုစုပေါင်း ၁၆ ယောက် တက်ရောက်တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List