Saturday, February 22, 2014

လက်ပံတောင်းတောင်အနီးမြို့သစ်တည်ဆောက်ရေးအတွက် လယ်မြေများ သိမ်းဆည်းရောင်ချမှုများရှိ


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမပင်ခရိုင် လက်ပတောင်းတံကြေးနီစီမံကိန်းအနီး မြို့သစ် တည်ဆောက်ရေး အတွက် လယ်ယာမြေများအား သိမ်းဆည်း၍ ရောင်းချမှုများရှိကြောင်း ယင်းမပင် ခရိုင် အုံတုံပင်ကျေး ရွာနေ သိမ်းဆည်းခံ လယ်သမား (၁၇) ဦးက ဖေဖော်ဝါရီ ၂၁ ရက်နေ့ကရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ မြန်မာဂျာနယ်လစ်နက်ဝက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

သိမ်းဆည်းခံ လယ်ဧကအနေဖြင့် ၁၀၀ ကျော်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ် ရံပုံငွေအတွက်ဟု ဆိုကာ လယ်ယာမြေများအားသိမ်းဆည်းခြင်းဖြစ်ကြောင်း ယင်းမပင် ခရိုင် အုံတုံပင်ကျေးရွာနေ ရွာသူ တစ်ဦးဖြစ်သူ ဒေါ်ကြည်လေးက ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့က ကျွန်မတိုကိုအကြိမ်ကြိမ် အစည်းဝေးခေါ်တယ်။ ဒါကိုသွားတဲ့သူလဲ ရှိတယ် မသွားတဲ့သူလည်းရှိတယ် မသွားတဲ့သူတွေကို သူကိုဘက်လည်းရောက်ကော ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အဖေက ရောက်လာပြီးတော့ ခြိမ်းခြောက်ပြီးတော့ လက်မှတ်တွေကိုထိုးခိုင်းသည်” ဟု ဒေါ်ကြည်လေးက ဆိုသည်။

အဆိုပါမြေနေရာသည် အလောင်းတော်ကဿဖ နှင့် ဖိုးဝင်းတောင်သွားသည့် ကားလမ်းနဘေးတွင်ရှိပြီး ယင်းနေရာရှိ လယ်ဧက ၁၀၀ ကျော်အား အောင်ဇေယျမြို့သစ်  အမှတ် (၅။၆) အားအကောင် ထည်ဖော်ရန် ရည်ရွယ်ထားလျက်ရှိကာ မကြာမီအကောင်ထည် ဖော်သွားရန် ရှိကြောင်းကိုလည်း သိရ သည်။

“သူတို့က အန်တီကို ခြံဝိုင်းပေးမယ်လို့ပြောတယ် ဘယ်လိုမှလက်မခံနိုင်ဘူးဘာလို့လည်းဆိုတော့ အန်တီတို့က ဒီဟာလေးနဲ့ ဘိုးစဉ်ဘောင်ဆက် တောင်ယာ လုပ်စားလာတာ ဒါမှမရှိရင် အန်တီတို့မိသားစု သွားစရာလည်း မရှိဘူး စားစရာလည်းမရှိဘူး ” ဟု ဒေါ်ကြည်ဌေးက ထပ်လောင်းပြောဆိုသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် “ အုံတုံပင်ကျေးရွှာဆိုတာ မြေစာရင်းမှတော့ ဒီရွာ နံမည်ဟာ တကယ်မရှိ ပါဘူး ဒီ အောင်ဇေယျမြို့သစ်ဆိုတာ အခုမှအကောင်ထည်ဖော်တာ မဟုတ်ပါဘူး အရင်အစိုးရထဲကပါ”ဟု ဦးစိုးနိုင်က ဆိုသည်။

အရင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက်တွင် မြေယာသိမ်းဆည်းမှုများ တစ်စတစ်စဖြင့် ပိုမိုများပြား လာလျက်ရှိပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က လှည်းကူးမြို့နယ် သမီးလေးကျေးရွာ အိမ်ခြေ ၄၀၀ ဖျက်ဆီးခံရခြင်းသည် အထင်အရှားဖြစ်သည်။

နှင်းနွယ်
The Myanma Age

No comments:

Post a Comment

My Blog List