Saturday, February 22, 2014

ဒေါက်တာအောင်ထွန်းသက်အား ဗြိတစ်ရှ် ကိုလံဘီယာ တက္ကသိုလ်(UBC)မှ ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ချီးမြှင့်

ဗြိတစ်ရှ် ကိုလံဘီယာ တက္ကသိုလ်(UBC)သည် ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့တစ်ခုအား မြန်မာနိုင်ငံမှ ပရော်ဖက်ဆာ ဒေါက်တာအောင်ထွန်းသက်ကို မင်းရဲကျော်စွာလမ်း၊UMSCCI တွင် ဖေဖော်ဝါရီ ၂၁ရက်က ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပရော်ဖက်ဆာ John Hepburn က ပရော်ဖက်ဆာ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ကို ချီးမြှင့်ပေးခဲ့သည်။

သမ္မတ၏ စီးပွားရေးအကြံပေး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံစီးပွားရေးနှင့် လူမှုရေးရာ အကြံပေးကောင်စီဝင် ပရော်ဖက်ဆာ အောင်ထွန်းသက်မှ ကျေးဖူးတင်စကားပြောကြားရာတွင် “လူတိုင်းလူတိုင်း မိမိရဲ့ပညာကို တန်းဖိုးထားဖို့လိုတယ် တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးနိုင်သလို ငြင်းခုန်လို့လည်းရတယ်။ 

လူတိုင်းသိဖို့က ပညာဆိုတာဘာလဲ ပညာရှင်ဆိုတာဘာလဲ လူကြီးကြိုက်အောင်ပြောတာ ပညာရှင် မဟုတ်ဘူး အမှန်တရားကို ချစ်တာမှ ပညာရှင်အစစ်ဖြစ်တယ် ဒီလိုပဲ လူတိုင်း ပညာရဲ့ အကြောင်းကို သိဖို့လို့တယ်။ ဆရာခံယူထားတာကတော့ ပညာဆိုတာ စာပေများများဖတ်ရမယ် ဗဟုသုတများများ ရအောင် လုပ်ရမယ်၊ သုတေသနလုပ်ရမယ် သုတေသနဆိုတာမလုပ်ရင် ဘာမှမသိနိုင်ဘူး စာပေးများများ ဖတ်ပြီးရင်လည်း စာများများရေးသားဖို့လိုတယ်။ အခုမြန်မာနိုင်ငံမှာ လူငယ်တော်တော်များများ အင်တာနက်သုံးတယ် ဖေ့စ်ဘုတ်သုံးတယ် အင်တာနက်သုံးတဲ့အခါမှာ အကျိုးရှိခဲ့မယ်ဆိုရင် အရမ်းကောင်းတယ် ဘာလို့လဲဆိုတော့ စာအုပ်ဝယ်ဖတ်စရာတောင် မလိုဘူး အင်တာနက်မှာ ကိုယ်လိုချင်တာကို ရှာဖတ်လို့ရတယ် ရှာဖွေချင်တာကို ရှာဖွေဖို့လွှဲတယ် ဒါကြောင့် အင်တာနက်သုံးတဲ့ အခါမှာလည်း အကျိုရှိရှိ သုံးစေချင်တယ် ဖေ့စ်ဘုတ်မှာလည်း ပညာရှာစရာတွေရှိပါတယ် ကိုယ်မသိတာကိုလည်း သူငယ်ချင်းတွေကို မေးလိုရတယ် ကိုယ်သိတာကို သူငယ်ချင်းတွေသိအောင် လုပ်လို့ရတယ် အခုမြန်မာနိုင်ငံမှာ အရာရာကိုပြုပြင်ပြောင်းလည်းမှုတွေ လုပ်နေပါတယ် ။

အဲ့ဒီပြုပြင်ပြောင်းလဲ မှုတွေမှာ မြန်မာနိုင်ငံက ပညာတက်လူငယ်တွေ လိုအပ်ပါတယ် ပညာရှင်တွေ ပညာတက်တွေနဲ့ပဲ ပြုပြင်ပြောင်းလည်းမှု ဇယားကြီးကို ရွှေ့လို့ရမှာပါ သူတို့ရဲ့အကူအညီတွေလိုပါတယ် သူတို့မပါလို့ မရပါဘူး ဒါကြောင့် လူငယ်တေကြိုးစားကြပါ ထူးချွန်အောင်လုပ်ပါ ဘွဲ့တစ်ခုရလို့ မကျေနပ်
ပါနဲ့ နောက်ထပ်ဘွဲ့တွေရအောင် လုပ်ပါ ဒီတော့ ဆရာပြောချင်တာက မြန်မာနိုင်ငံက လူငယ်တွေကို ကြိုးစားအားထုတ်ကြပါ။ အခုမြန်မာနိုင်ငံကို ကမ္ဘာနိုင်ငံတိုင်းက ဂရုစိုက်မိနေပါတယ် ဒါကြောင့် လူငယ်တွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီကျပါ လို့မှာချင်ပါတယ်”ဟု ပြောသည်။

ယင်းအခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ ကနေဒီယန် သံအမတ်ကြီး H.E.Mark McDowell ကအဖွင့်အမှာစကားပြောပြီး (UBC)၏ သုတေသနနှင့် နိုင်ငံတာကာ ပေါ့ဖိုလီယို၏ ဒုတိယဥက္ကဋ္ဌ ပရော်ဖက်ဆာ John Hepburn ကမိတ်ဆက်အမှာစကားပြောကြားခဲ့သလို ထပ်မှန်၍ အာရှသုတေသန ဆိုင်ရာ အင်စတီကျုရဲ့ဒါရိုက်တာ၊(UBC)မှ နိုင်ငံရေးသိပ္ပံ တွဲဖက် ပါမောက္ခ ပရော်ဖက်ဆာ Yves Tiberghien က မိတ်ဆက်စကားပြောသည်။


ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment

My Blog List