သဘာဝကပ်ဘေးများ ကျရောက်ခြင်း နှင့် လူများစွာ တစ်ချိန်တည်းတွင် ဖုန်းပြောနေခြင်းများကြောင့် ဖုန်းလိုင်းကြပ်မှုများ၊ ပြတ်တောက်ခြင်းများနှင့် ကြုံတွေ့ရမြဲဖြစ်သည်။ သို့သော် ဗြိတိန် ကိုလံဘီယာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသူ တစ်ဦးက ယင်းပြဿနာများအား ဖြေရှင်းနိုင်မည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ဆယ်လူလာဖုန်းလိုင်းများ အလုပ်မလုပ်တော့သည့်အချိန်တွင် တယ်လီဗေးရှင်းနှင့် ရေဒီယိုလိုင်းများကို အသုံးပြုကာ ဖုန်းသုံးနိုင်သည့် နည်းလမ်းအား ဗြိတိန်ကိုလံဘီယာတက္ကသိုလ် လျှပ်စစ်နှင့် ကွန်ပျူတာအင်ဂျင်နီယာဌာနမှ ဘွဲ့လွန် ဘာသာရပ် အတွက် လေ့လာနေသည့် ကျောင်းသူတစ်ဦးဖြစ်သူ Mai Hassan က တွေ့ရှိခဲ့သည်ဟု ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့်အရေးကိစ္စများအား ရေးသားထုတ်ဝေသည့် IEEE Transctions ဂျာနယ်တွင်ဖော်ပြထားသည်။ “ကျွန်မအနေနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ လိုင်းတွေက ရေဒီယိုနဲ့ ရုပ်သံရုံတွေက အသုံးပြုနေတဲ့ ဘယ်လိုင်းကိုမဆို ထိထိရောက်ရောက် အသုံးချနိုင်မယ့်နည်းလမ်းကို တင်ပြထားပါတယ်”ဟု Hassan က ပြောကြားခဲ့သည်။ “စိန်ခေါ်ချက်တစ်ခုကတော့ အဲဒီလိုင်းတွေကို အသုံးပြုနေတဲ့သူတွေနဲ့ ဆယ်လူလာ Signal တွေ ထပ်မသွားဖို့ သေချာအောင်လုပ်ခြင်းပါပဲ”ဟုလည်း
သို့သော် အစောပိုင်းလေ့လာမှုများတွင် စမတ်အန်တာနာအမျိုးမျိုးအား အသုံးပြုကာ စမ်းသပ်ခဲ့ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ မိုဘိုင်းဖုန်းတွင် စမတ်အန်တာနာ တစ်ခုထက်ပိုနေသည့်အတွက် တစ်ခုနှင့်တစ်ခု လိုင်းငြိခြင်းများဖြစ်ခဲ့ရသည်။ တစ်ခါတစ်ရံတွင် ယခုကဲ့သို့လိုင်းငြိနေခြင်းက ဖုန်းခေါ်ဆိုသူနှစ်ဦးအကြား ခေါ်ဆောင်မှုများအား ဖြတ်တောက်ခြင်း သို့မဟုတ် အသံလှိုင်းလွှင့်ထုတ်ခြင်းများအား
အောင်မင်း ဘာသာပြန်သည်
Mizzima - News in Burmese
No comments:
Post a Comment