Monday, October 14, 2013

လူငယ်လေးယောက်အား ထိုင်ခိုင်း၍ လည်ပင်းကို ဓားရှည်ဖြင့် ခုတ်မှုဖြစ်ပွား


Monday, October 14, 2013
အောက်တိုဘာလ ၁၂နေ့ ည ၉နာရီအချိန်ခန့်တွင် ကချင်ြပည်နယ် မိုးညှင်းမြို့ရွာသစ်ကုန်းကျေးရွာ၊ ဒီဂရီကောလိပ်ကျောင်းလမ်းမကြီးပေါ်တွင် လူငယ်(၄)ယောက်အား ထိုင်ခိုင်း၍ ဓားရှည်ဖြင့်ခုတ်သော အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းမိုးညှင်းရဲစခန်းမှသိရသည်။ရွာသစ်ကုန်း ကျေးရွာအလွန်(လွင်ဘော်ဒါဆောင်)ရှေ့ တွင်သူငယ်ချင်းများဖြစ်ကြသော မောင်နိုင်လင်းထွန်း၊ မောင်မိုးဒီး(ခ)ထူးမြတ်ဦး၊ မောင်နေ၀င်းဇော်၊

 မောင်အောင်ကျော်ကျော်တို့(၄)ဦးသည်ဂစ်တာတီး၍ဆိုင်ကယ်ဖြင့်အပြန်ကန်တော်ကုန်းဦးမြင့်သိန်းအိမ်ရှေ့ အရောက်တွင်ဓားရှည်ကိုင်သူထားသောဟာဗစ်(ခ)စိုးစိုးလွင်နှင့် နောင်နောင်(ခ)စိုင်းနောင်လင်းတို့က ကားလမ်းရှေ့မှတားဆီးကာလမ်းမပေါ်၌ ဆောင့်ကြောင့်ထိုင်ခိုင်းကာ နောင်နောင်
(ခ)စိုင်းနောင်လင်းဆိုသူကအသွား(၄)ပေရှိ တောရမ်းဓားရှည်ဖြင့် ပျော်ဖွယ်ရပ်ကွက်နေ မောင်မိုးဒီ(ခ) ထူးမြတ်ဦးအသက်(၁၇)နှစ်၏ လည်ပင်းတွင် တင်ထားစဉ် ရှောင်ပြေးခဲ့သဖြင့် လည်ပင်းတွင် ပြတ်ရှဓားဒဏ်ရာ ထိသွားခဲ့ကြောင်း ကာယကံပရှင်များ ထံမှ သိရသည်။အလားတူ စိမ်းရတနာမွန်(မြောက်)ရပ်ကွက်နေ မောင်နိုင်လင်းထွန်း အသက်(၁၈)နှစ်အား ဓားဖြင့်(၃)ချက် လွှဲခုတ်ခဲ့ရာ လက်ဖြင့်ခံလိုက်သောကြောင့်ညာဘက်လက်ဖျံအရိုးပေါ်ပြီးအကြောများပြတ်ခဲ့ကြောင်း ဆေးရုံ တာဝန်ကျ ဆရာမထံမှသိရသည်။ ဓားရှည်ဖြင့်ခုတ်သူ ရွာသစ်ကုန်းအုပ်စု၊ အာဠာဝီကုန်းရွာနေထိုင် သူ နောင်နောင်(ခ)စိုင်းနောင်လင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်သူ ဟာဗစ်(ခ)စိုးစိုးလွင်တို့အား ဒုရဲအုပ်ကြည်စိုးမှ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄အရ တရားစွဲဆို အရေးယူထားကြောင်း သိရသည်။
သီဟအောင်(ကချင်)
မြန်မာ့ခေတ်

No comments:

Post a Comment

My Blog List