Monday, October 14, 2013
၂၀၁၃ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ
ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု ဒုတိယပွဲစဉ်တွင်
တောင်ကိုရီးယားအသင်းအား ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခုနစ်ဂိုးပြတ်
ရှုံးနိမ့်ခဲ့သော ပွဲစဉ်နှစ်ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် အဖွင့်ပွဲတွင်
ဂျပန်အသင်းအား ၇-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ၎င်းတို့၏ ဒုတိယပွဲစဉ်တွင်လည်း
အာရှပြိုင်ဘက်များ၏ ကျွမ်းကျင်မှုကို မယှဉ်နိုင်ဘဲ တောင်ကိုရီးယားအသင်းအား
၇-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အာရှ ယူ-၁၉
အမျိုးသမီးချန်ပီယံရှစ် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်၊
ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ မြန်မာတို့
စုစုပေါင်းအသင်း ခြောက်သင်းပါဝင်သည်။ အဆိုပါအသင်း ခြောက်သင်းသည် ပတ်လည်စနစ်ဖြင့် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် အသင်းမှာ ချန်ပီယံဆု ဖလားရရှိမည် ဖြစ်သည်။
Mizzima - News in Burmese
ရခိုင်ပဋိပက္ခ ကြီးထွားလာချိန် ဒေသခံအရပ်သားတွေ လုံခြုံမှု ကုလစိုးရိမ်
-
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တွေကြား တိုက်ပွဲတွေ
ပြင်းထန်နေသလို ရခိုင်အသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာတွေကြား တင်းမာမှုတွေ
ဖြစ်လာနေတာဟာ ဒေသခံ...
3 hours ago
No comments:
Post a Comment