Tuesday, October 15, 2013

အပစ်အခတ်ရပ် ဘုံသဘော တူညီချက် ရယူရန် တိုင်းရင်းသားထိပ်သီး ညီလာခံ လိုင်ဇာ၌ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်မည်

Tuesday, October 15, 2013
Photo: အပစ်အခတ်ရပ် ဘုံသဘော တူညီချက် ရယူရန် တိုင်းရင်းသားထိပ်သီး ညီလာခံ လိုင်ဇာ၌ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်မည်
Tuesday, October 15, 2013

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ။  ။တစ် ပြည်လုံးအပစ်အခတ်ရပ်စဲရေးအ တွက် ဘုံသဘောတူညီချက်ရယူ ရန်အတွက် တိုင်းရင်းသားထိပ်သီး ညီလာခံအား KIO/KIA ဌာနချုပ် လိုင်ဇာမြို့တွင် အောက်တိုဘာ ၂၈ရက်မှ ၃ဝရက်နေ့ အထိပြုလုပ် မည်ဖြစ်ကြောင်း ပအို့ဝ်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ PNLO မှ အထွေထွေအတွင်းရေး မှူးဗိုလ်မှူးကြီးအောင်ကျော် ကပြောသည်။ အောက်တိုဘာ ၈ရက်မှ ၁ဝရက်နေ့ အထိ မြစ်ကြီးနားမြို့ တွင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် KIO မှတောင်းဆိုသည့် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကျင်း ပရန်အတွက် အစိုးရနှင့် သဘော တူညီမှုများရရှိခဲ့ပြီးနောက် ယင်း အချိန်ဇယား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းညီလာခံအပြီး ဆွေး နွေးရရှိချက်များအား နိုဝင်ဘာ ၁ရက်မှ ၃ရက်နေ့အထိ မြစ်ကြီး နားမြို့တွင် လူထုအားချပြပွဲ ကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ PNLO မှ ဗိုလ်မှူးကြီး အောင်ကျော်က''တစ်ပြည်လုံးအ ပစ်အခတ် ရပ်စဲရေး အတွက် အ စိုးရဘက်က ပြောတဲ့အချက်တွေ ထဲက ဘာတွေကို သဘောတူညီ မယ်။ သဘောမတူညီဘူးဆိုတာ တွေကို ဆွေးနွေးမယ်။ တော်လှန် ရေးအင်အားစုတွေရဲ့ သဘောထား ကိုထုတ်ပြန်မယ်''ဟုပြောသည်။ အစိုးရနှင့် အပစ် အခတ်ရပ် စဲထားသည့်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်ရပ်လက် မှတ်ထိုးထားသော်လည်း တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေ မည်ဆိုပါက လက်မှတ်မရေးထိုး နိုင်ကြောင်း ဆက်လက်ပြောဆို သည်။ ''အစိုးရဘက်က သဘော ထား မှန်မှန်နဲ့ အလုပ်လုပ်ဖို့လို တယ်''ဟု ယင်းကဆက်လက် ပြောဆိုသည်။

ယင်းသို့ ညီလာခံကျင်းပ ပါက လေ့လာသူအဖြစ်ဖိတ်ကြား ပါက တက်ရောက်မည်ဖြစ်ကြောင်း ကေအိုင်အိုနှင့်ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁ဝရက် သတင်း စာရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်း မီဒီယာများ အား ပြော ဆိုသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ် မှူးကြီးအောင်ကျော်က''ဦးအောင် မင်းကိုတော့ ဖိတ်ဖြစ်မယ်မထင် ဘူး။ ဒီပွဲကတိုင်းရင်းသားလက် နက်ကိုင်တွေပဲ လုပ်မယ့်ပွဲဆိုတော့ တိုင်းရင်းသားအင်အားစုတွေပဲ ပါမယ်။ တခြားနိုင်ငံ ရေးအင် အား စုတွေပါမှာမဟုတ်ဘူး။ ဒီပွဲကိုကေ အိုင်အေဘက်က စီစဉ်မှာဆိုတော့ ဖိတ် မဖိတ်တော့ မပြောတတ် ဘူး''ဟုပြောဆိုသည်။ 
ရှမ်းပြည် မြောက် ပိုင်းတပ် မတော် (SSPP/SSA) မှပြော  ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး မှ ဘုံသဘောတူညီသည့်ရရှိချက် များအား အစိုးရထံသို့ အကြောင်း ပြန်သွား မည်ဖြစ် ကြောင်း ပြောဆို သည်။

ဗိုလ်မှူးစိုင်းလှက ''အလုံး စုံအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ပြီး လက်မှတ်ထိုးဖို့အချက် အလက်တွေကို ညှိနှိုင်းကြမယ်။ အစိုးရဘက်က အချက်အလက် တွေကတော့ KIO ကိုပို့ထားတယ် ပြောတယ်။ ကျွန်တော် တို့ မသိ ရသေးဘူး''ဟုပြောသည်။ ယင်းဆွေးနွေးပွဲတွင် တိုင်း ရင်းသားလက်နက်ကိုင်ခေါင်း ဆောင်များအပြင် တပ်ပိုင်းဆိုင်  ရာကိစ္စရပ်များဆွေးနွေးရန် အ တွက် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များမှ တပ်ပိုင်းဆိုင် ရာ ထိပ်တန်း အရာရှိများတစ်ဦးစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ဝရက်က အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့စဉ်။ ဓာတ်ပုံ - သတင်းစဉ်
လင်းအောင်
The Yangon Times 
တစ် ပြည်လုံးအပစ်အခတ်ရပ်စဲရေးအ တွက် ဘုံသဘောတူညီချက်ရယူ ရန်အတွက် တိုင်းရင်းသားထိပ်သီး ညီလာခံအား KIO/KIA ဌာနချုပ် လိုင်ဇာမြို့တွင် အောက်တိုဘာ ၂၈ရက်မှ ၃ဝရက်နေ့ အထိပြုလုပ် မည်ဖြစ်ကြောင်း ပအို့ဝ်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ PNLO မှ အထွေထွေအတွင်းရေးမှူးဗိုလ်မှူး ကြီးအောင်ကျော် ကပြောသည်။ အောက်တိုဘာ ၈ရက်မှ ၁ဝရက်နေ့ အထိ မြစ်ကြီးနားမြို့ တွင်ပြုလုပ်ခဲ့ သည့် အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် KIO မှတောင်းဆိုသည့် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကျင်း ပရန်အတွက် အစိုးရနှင့် သဘော တူညီမှုများရရှိခဲ့ပြီးနောက် ယင်း အချိန်ဇယား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယင်းညီလာခံအပြီး ဆွေး နွေးရရှိချက်များအား နိုဝင်ဘာ ၁ရက်မှ ၃ရက်နေ့အထိ မြစ်ကြီး နားမြို့တွင် လူထုအားချပြပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ PNLO မှ ဗိုလ်မှူးကြီး အောင်ကျော်က ''တစ်ပြည်လုံးအ ပစ်အခတ် ရပ်စဲရေး အတွက် အ စိုးရဘက်က ပြောတဲ့အချက်တွေ ထဲက ဘာတွေကို သဘောတူညီ မယ်။ သဘောမတူညီဘူးဆိုတာ တွေကို ဆွေးနွေးမယ်။ တော်လှန် ရေးအင်အားစုတွေရဲ့ သဘောထား ကိုထုတ်ပြန်မယ်''ဟုပြောသည်။ အစိုးရနှင့် အပစ် အခတ်ရပ် စဲထားသည့်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်ရပ်လက် မှတ်ထိုးထားသော်လည်း တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေ မည်ဆိုပါက လက်မှတ်မရေးထိုး နိုင်ကြောင်း ဆက်လက်ပြောဆို သည်။ ''အစိုးရဘက်က သဘော ထား မှန်မှန်နဲ့ အလုပ်လုပ်ဖို့လို တယ်''ဟု ယင်းကဆက်လက် ပြောဆိုသည်။
ယင်းသို့ ညီလာခံကျင်းပ ပါက လေ့လာသူအဖြစ်ဖိတ်ကြား ပါက တက်ရောက် မည်ဖြစ်ကြောင်း ကေအိုင် အိုနှင့်ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁ဝရက် သတင်း စာရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာများအား ပြောဆိုသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ် မှူးကြီးအောင်ကျော် က''ဦးအောင် မင်းကိုတော့ ဖိတ်ဖြစ်မယ်မထင် ဘူး။ ဒီပွဲကတိုင်းရင်းသားလက် နက်ကိုင်တွေပဲ လုပ်မယ့်ပွဲ ဆိုတော့ တိုင်းရင်းသားအင်အားစုတွေပဲ ပါမယ်။ တခြားနိုင်ငံ ရေးအင် အား စုတွေပါမှာမဟုတ်ဘူး။ ဒီပွဲကိုကေ အိုင်အေဘက်က စီစဉ်မှာဆိုတော့ ဖိတ် မဖိတ်တော့ မပြောတတ် ဘူး''ဟုပြောဆိုသည်။
ရှမ်းပြည် မြောက် ပိုင်းတပ် မတော် (SSPP/SSA) မှပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး မှ ဘုံသဘောတူညီသည့်ရရှိချက် များအား အစိုးရထံသို့ အကြောင်း ပြန်သွား မည်ဖြစ် ကြောင်း ပြောဆို သည်။
ဗိုလ်မှူးစိုင်းလှက ''အလုံးစုံအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ပြီး လက်မှတ်ထိုးဖို့အချက် အလက်တွေကို ညှိနှိုင်းကြမယ်။ အစိုးရဘက်က အချက်အလက် တွေကတော့ KIO ကိုပို့ထားတယ် ပြောတယ်။ ကျွန်တော် တို့ မသိရသေးဘူး''ဟုပြောသည်။ ယင်းဆွေးနွေးပွဲတွင် တိုင်းရင်း သား လက်နက်ကိုင်ခေါင်း ဆောင်များအပြင် တပ်ပိုင်းဆိုင် ရာကိစ္စရပ်များဆွေးနွေးရန် အ တွက် တိုင်းရင်း သားလက်နက် ကိုင်တပ်ဖွဲ့များမှ တပ်ပိုင်းဆိုင် ရာ ထိပ်တန်း အရာရှိများတစ်ဦးစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 The Yangon Times

No comments:

Post a Comment

My Blog List