Friday, October 18, 2013

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေး တိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်

Friday, October 18, 2013
ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် ''ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံများဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်လျက် ရှိနေကြကြောင်း၊ အဆိုပါ အကြမ်းဖက် ဖောက်ခွဲရေးသမား တရားခံများနှင့် ပတ်သက်၍ လှုပ်ရှားမှု သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ပြည်သူလုထု တစ်ရပ်လုံးမှ ၀ိုင်းဝန်းကူညီသောအားဖြင့် သတင်းပို့ကြပါရန် မေတ္တာရပ်ခံ အပ်ပါ တယ်'' ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း ပေါက်ကွဲမှု ဖြစ်စဉ်များအနက် ရန်ကုန်မြို့ တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းမှာ စောမြင့်လွင် ဖြစ်ကြောင်းနှင့် ကရင်လူမျိုး KNU တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းထုတ်ပြန်ခဲ့ပြီးကနဦး စစ်ဆေးချက်အရ ၎င်းကို ငွေကြေးပေး ကာ ခိုင်းစေခြင်းကြောင့် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။ ထို့ပြင် မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှုနှင့် စစ်ကိုင်းမြို့တို့တွင် ဗုံးဖောက်ခွဲ ကျူးလွန်သူ နှစ်ဦးကိုလည်း စီစီတီဗွီကင်မရာများမှ တစ်ဆင့်ခြေရာခံ ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ကျူးလွန်သူ နှစ်ဦးမှာ ဇော်လတ်မောင်နှင့် နေတိုး ဆိုသူတို့ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် အောက်တိုဘာ ၁၇ ရက်ည အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ ညပိုင်း သတင်းများတွင်မူ ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိက တရားခံများဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

My Blog List